ရန်ကုန်တိုင်း ဒေသကြီး ပြည်တွင်း အခွန်ဦးစီး ဌာနမှ ထီတစ်စောင်လျှင် ကျပ် ၂၀ဝဖြင့် ယခုလ ၂ရက် နေ့က စတင်ရောင်းချပေးလျက် ရှိသော်လည်း ပြည်တွင်း အခွန်ဦးစီး ဌာနသို့ လာရောက်ထီဝယ်ယူသူမှာ အလွန်နည်းပါးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ ဦးစီးအရာရှိ တစ်ဦးကပြောသည်။
အစိုးရက ထီတစ်စောင် ကျပ် ၂၀ဝ ဖြင့်ရောင်းချပေးရခြင်း၏ ရည် ရွယ်ချက်မှာ ထီဆိုင်အများစု၌ ထီ တစ်စောင်၏ တန်ဖိုးငွေမှာ ဌာနက ရောင်းချပေးသည့်နှုန်းထားများထက်အဆမတန် မြင့်မားနေသော ကြောင့်အမှန်တကယ်ထီကံစမ်းလိုသူများ၊ ပင်စင်စားများမှာ အခက်တွေ့နေရသဖြင့် ပြည်တွင်းအခွန် များဦးစီး ဌာနကတိုက်ရိုက်ရောင်းချပေးရခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။
“ဌာနကနေ ရောင်းပေးတာက တစ်စောင်ကို ၂၀ဝ နဲ့ရောင်းပေးတယ်။ ထီတစ်အုပ်မှာ ၁၁ စောင် ပါတယ်။ အဲဒါကို ၃၀ဝ နဲ့ ပြန်ရောင်းမယ်ဆိုရင် ၁၁၀ဝ မြတ်တယ်။ အဲဒီလိုမရောင်းပဲ ဈေးတွေ အရမ်း မြင့်ထားတော့ သာမန်လူတွေအဖို့ ဒုက္ခရောက်တာပေါ့”ဟု ၄င်းက ပြောသည်။ ပြည်တွင်းအခွန်ဦးစီးဌာနက ရောင်းချပေးသည့် ထီများအား အမှန်တကယ်ကံစမ်းလိုသူများကိုသာ ရောင်းချပေးသွားမည်ဖြစ်ပြီး စီးပွားရေးအတွက် ပြန်လည်ရောင်းချလိုသူများအား ရောင်းချပေးသွားမည် မဟုတ်ကြောင်း သိရသည်။
“မည်သူမဆို လွတ်လပ်စွာလာရောက်ဝယ်ယူနိုင်တယ်၊ ဒါပေမယ့် အကျိုးစီးပွားအတွက် ပြန်ရောင်း ချဖို့ဆိုရင် မရောင်းပေးဘူး” ဟု ၄င်းကဆက်လက်ပြောသည်။ ထီတစ်စောင်နှစ်ရာဖြင့် တိုက်ရိုက်ရောင်းချပေးနေသော်လည်း ထီဆိုင်အများစုမှာ ယခင်ကဲ့သို့ အရောင်းအဝယ်ကောင်းကြောင်း သိရသည်။ “အခွန်ဦးစီးဌာနရုံးတွေ ရောင်းနေတယ်လို့ ကြားရပေမယ့် အပြင်ကထီဆိုင်တွေမှာတော့ သက် ရောက်မှုမရှိဘူး။ ပုံမှန်အတိုင်းအရင်လိုပါပဲ”ဟု ကျောက်တံတားမြို့နယ်အခြေစိုက် ထီဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောင်ဘာလေထီဆိုင်ဌာနသည် ၁၉၃၈ ခုနှစ်တွင် စတင်ထီရောင်းချခဲ့ခြင်းဖြစ်ပြီး အောင်ဘာလေ သိန်းဆုအတွက် ထီလက်မှတ်ရောင်းချရငွေများအနက်မှ ၆၀ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ်ပြန် လည် ခွဲဝေပေးပြီး ၄၀ ရာခိုင်နှုန်းကိုမူ အစိုးရဘက်ဂျက်အဖြစ် အောင်ဘာလေ သိန်းဆုခွန်ပေးသွင်းရကြောင်း သိရသည်။



6:11 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com