22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 14, 2012

ဒီမိုကရေစီလမ်းကြောင်း ရင့်ကျက်လာပါက အကျင့်ပျက်ဝန်ထမ်း အရေးယူမှုများ ထင်သာမြင်သာရှိလာမှု အလိုအလျောက်ဖြစ်လာမည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ဒီမိုကရေစီလမ်းကြောင်း ရင့်ကျက်လာပါက အကျင့်ပျက်ဝန်ထမ်း အရေးယူမှုများအား အများသိရှိစေရန် သတင်းထုတ်ပြန်မှုများမှာ ထင်သာမြင်ရှိလာမှုမျိုး အလိုအလျောက် ဖြစ်လာမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဇူလိုင်လ ၁၂ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
''နိုင်ငံတော်အစိုးရက အကျင့်ပျက်ဝန်ထမ်းများကို စိစစ်ဖော်ထုတ်ပြီး လာဘ်ပေးလာဘ်ယူမှု၊ အာဏာ အလွဲသုံးစားပြုမှု၊ အကျင့်ပျက်ခြစားမှု၊ တာဝန်ယူမှုနဲ့ စီမံခန့်ခွဲမှုများကို ပြစ်မှုအလိုက် အရေးယူဆောင်ရွက်နေပါတယ်။ အရေးယူမှုများကိုလည်း ပြည်ထောင်စု ၀န်ကြီးဌာနများအတွင်း အမိန့်ကြော်ငြာစာထုတ်ပြီး အရေးယူလျက်ရှိပါတယ်။ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့ နုစဉ်ကာလမှာတော့ ၀န်ကြီးဌာနများအလိုက် ဆောင်ရွက်နေပါ တယ်။ ဒီမိုကရေစီ လမ်းကြောင်း ရင့်ကျက်လာပါက အခုထက်ပိုပြီး ထင်သာမြင်သာရှိလာမှုတွေ အလိုအလျောက် ဖြစ်လာမှာပါ''ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြောကြားခဲ့သည်။
အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး အရေးယူမှုများကို ဆောင်ရွက်ရာတွင် ပြစ်မှုအလိုက် အငြိမ်းစား ယူစေခြင်း၊အလုပ်မှ ထုတ်ပယ်ခြင်း၊ ရာထူးနှင့် နှစ်တိုးလစာများ လျော့ချခြင်း၊ ဝေးလံသည့် ဒေသများသို့ ပြောင်းရွှေ့တာဝန်ပေးခြင်း၊ မှတ်တမ်းတင် သတိပေးခြင်း၊ပြုလုပ်ခဲ့သည့် ပြစ်မှုအလိုက် သက်ဆိုင်ရာ တရားရုံးများမှ ထောင်ဒဏ်ချမှတ်ခြင်းများ ဆောင်ရွက်နေသည့်အတွက် ၀န်ထမ်းများအကြားတွင် အရေးယူမှုများကို သိရှိလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်မေးမြန်းသည့် 'အ ကျင့်ပျက်ဝန်ထမ်း အရေးယူမှုများကို အများသိရှိစေရန် သတင်းထုတ်ပြန်ပေးရေး မေးခွန်းအား ပြန်လည်ဖြေကြား ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )