22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 12, 2012

ကာရိုးလ်အား အသင်းဟောင်း နယူးကာဆယ်လ်ကလည်း စိတ်ဝင်စားလာ

အန်ဒီ ကာရိုးလ်အား ပြန်လည် ခေါ်ယူရန် အသင်းဟောင်း နယူးကာဆယ်လ် ယူနိုက်တက် အသင်းကပါ စိတ်ဝင်စား လာကြောင်း သိရှိရသည်။

အေစီမီလန်နှင့် ၀က်စ်ဟမ်း ယူနိုက်တက် အသင်းများက အသက်(၂၃)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ရှေ့တန်းလူကို လီဗာပူးလ်ထံမှ (၁)ရာသီ အငှား ခေါ်ယူလိုကြောင်း အသီးသီး အတည်ပြု ခဲ့သည့်နောက် နယူးကာဆယ်လ် မန်နေဂျာ အလန်ပါဂျူးကပါ တပည့်ဟောင်း၏ အခြေအနေကို ပြန်လည် လေ့လာခဲ့ခြင်း ဖြစ်သည်။ ပါဂျူးက လီဗာပူးလ်သို့ ပေါင်စတာလင် (၃၅)သန်းဖြင့် ရောင်းထုတ်ခဲ့သည့် ကာရိုးလ်ကို လေးစား သဘော ကျဆဲဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ လတ်တလောတွင် ပါဂျူးသည် ဆီနီဂေါ တိုက်စစ်မှူး ဒမ်ဘာဘားကို အသင်းတွင် ဆက်လက် ထိန်းသိမ်းနိုင်ရေး ရုန်းကန်နေရဆဲ ဖြစ်သည်။
အသင်းဟောင်းမှ ပြန်ခေါ်ယူချင်နေသည့် ကာရိုးလ်


ပါဂျူးက "အသင်းဟာ အရည်အသွေး ရှိတယ်လို့ ယုံကြည်တဲ့ ကစားသမားတွေကို ခေါ်ယူဖို့ အခွင့်အရေး ရှိလာမယ်ဆိုရင် စဉ်းစားမှာပါပဲ။ ကာရိုးလ်ဟာ နယူးကာဆယ်လ်မှာ အကောင်းဆုံး အရာတွေ စွမ်းဆောင်ပြခဲ့တယ်။ သူ့ကိုလည်း ကျွန်တော် အမြဲတမ်း ထောက်ခံ အားပေးခဲ့ပါတယ်။ သူလီဗာပူးလ်မှာ ရှိနေတဲ့ အချိန်မှာတောင် ကျွန်တော်တို့ဟာ သူ့အတွက် အကောင်းဆုံး မျှော်လင့်ပေးခဲ့တယ်။ ကာရိုးလ်ဟာ ကစားသမားကောင်း တစ်ယောက်ပါ။ ဘုတ်အဖွဲ့က ဘာပြောမယ်ဆိုတာ မသိသေးပေမယ့် အပြောင်းအလဲတွေကို စောင့်ကြည့်ရပါဦးမယ်" ဟု ပြောကြားသွားသည်။

လက်ရှိတွင် ကာရိုးလ်အား ကလင့်ဒမ့်ဆေးကို ဆုံးရှုံးဖွယ် ရှိနေသည့် ဖူလ်ဟမ်ကလည်း ချိန်ရွယ်နေသည်။ အေစီမီလန် အသင်းသည် တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်အား ဆုံးရှုံးရပါက အစားထိုးရန် ကာရိုးလ်အား အလို ရှိနေခြင်းဟု သိရှိရသည်။
သူလီဗာပူးလ်မှာ ရှိနေတဲ့ အချိန်မှာတောင် ကျွန်တော်တို့ဟာ သူ့အတွက် အကောင်းဆုံး မျှော်လင့်ပေးခဲ့တယ်။ ကာရိုးလ်ဟာ ကစားသမားကောင်း တစ်ယောက်ပါ။ ဘုတ်အဖွဲ့က ဘာပြောမယ်ဆိုတာ မသိသေးပေမယ့် အပြောင်းအလဲတွေကို စောင့်ကြည့်ရပါဦးမယ်..
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )