လူကာ မိုဒရစ်ကို ၀ယ်ယူလိုသည့် မည်သည့် အသင်းမဆို ဈေးပေါပေါဖြင့် ရမည် မဟုတ်ဟု တော့တင်ဟမ် ဟော့စပါး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က ပြောကြားလိုက်သည်။
ဟယ်ရီရက်နပ် နေရာကို ဆက်ခံသည့် ပေါ်တူဂီသားက ၎င်းသည် အသက်(၂၆)နှစ်ရှိ ခရိုအေးရှား ကြယ်ပွင့်ကို ထုတ်ရောင်းမည် မဟုတ်ဟု မပြောလိုသော်လည်း မှန်ကန်သည့် ဈေးနှုန်းမျိုး ရမှသာ ကမ်းလှမ်းမှုကို စဉ်းစားမည်ဟု အတည်ပြုခဲ့သည်။ လက်ရှိတွင် စပါး အသင်းသည် ကွင်းလယ် ဖန်တီးရှင် မိုဒရစ် အတွက် ဈေးနှုန်းအား ပေါင်စတာလင် သန်း(၄၀) သတ်မှတ်ထားသည်။ မိုဒရစ်ကို လတ်တလောတွင် မန်ချက်စတာ ယူနိုက်တက်နှင့် ရီးယဲလ်မက်ဒရစ် အသင်းများက စိတ်ဝင်တစား စောင့်ကြည့်လျှက် ရှိသည်။

အသင်းပြောင်းမည်ဟု သတင်းထွက်နေသည့် မိုဒရစ်
ဘိုအာ့စ်က "မိုဒရစ်ကို ကလပ်အသင်း တော်တော်များများက စိတ်ဝင်စားနေတာ ကျွန်တော် သိပါတယ်။ ဒါက ပြီးခဲ့တဲ့ နှစ်ကတည်းက ရှိနေတဲ့ အခြေအနေပါ။ မိုဒရစ်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို ကမ်းလှမ်းမှုတိုင်း အတွက် ဖြေရှင်းဖို့ ဆိုတာက အသင်းဥက္ကဋ္ဌ လက်ထဲမှာပဲ ရှိတယ်။ ပြီးခဲ့တဲ့ရာသီ ကျွန်တော် ချယ်လ်ဆီးကို ကိုင်တွယ် နေတုန်းက သူ့ကို ချိတ်ဆက်ဖူးပါတယ်။ ကစားသမားကောင်း တစ်ယောက်ကို အသင်းတွေက လိုချင်တာ မဆန်းပါဘူး။ ဒါပေမဲ့ ကစားသမားရဲ့ တန်ဖိုးကို လေးစားမှု ရှိဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ မိုဒရစ်အတွက် ထိုက်တန်မှုရှိတဲ့ ကမ်းလှမ်းမှုမျိုးကိုသာ လက်ခံ စဉ်းစားမှာ ဖြစ်ပါတယ်" ဟု ပြောကြားသွားသည်။
စပါး အသင်းသည် မိုဒရစ်ကို ရောင်းထုတ် ဖြစ်ပါက အစားထိုးရန် အတွက် ဟော်ဖန်ဟိုင်း ကွင်းလယ်လူ ဂိုင်ဖီ ဆီဂါ့ဒ်ဆန်အား ခေါ်ယူထားပြီး ဖြစ်သည်။
ကစားသမားကောင်း တစ်ယောက်ကို အသင်းတွေက လိုချင်တာ မဆန်းပါဘူး။ ဒါပေမဲ့ ကစားသမားရဲ့ တန်ဖိုးကို လေးစားမှု ရှိဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ မိုဒရစ်အတွက် ထိုက်တန်မှုရှိတဲ့ ကမ်းလှမ်းမှုမျိုးကိုသာ လက်ခံစဉ်းစားမှာ ဖြစ်ပါတယ်..



4:46 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com