ချယ်လ်ဆီး အသင်း ကွင်းလယ် ကစားသမား အော်ရီရော်လ် ရိုမီယူက ၎င်းအနေဖြင့် ဘာစီလိုနာသို့ ပြန်ကောင်း ပြန်ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့သည်။
ဘာစီလိုနာ အသင်း၏ လက်ရှိနည်းပြ တီတိုဗီလာနိုဗာနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် အသက်(၂၀)အရွယ် စပိန် ကစားသမားလေးသည် ချယ်လ်ဆီးသို့ ပြီးခဲ့သည့် နွေရာသီကမှ ပြောင်းရွှေ့လာခြင်း ဖြစ်သည်။ ဘာစီလိုနာသည် သတ်မှတ်ထားသော ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် (၂)နှစ်အတွင်း ရိုမီယူကို သတ်မှတ်ဈေးနှုန်း တစ်ရပ်ဖြင့် ပြန်လည် ခေါ်ယူခွင့်ကို ကစားသမားအား ရောင်းချစဉ်ကတည်းက တစ်ပါတည်း ရယူထားသည်။ ယခုအခါ ဗီလာနိုဗာသည် မာလီ လက်ရွေးစင် ကွင်းလယ်လူ ဆီဒေါ်ကီတာကို အသင်းမှ ထွက်ခွာခွင့် ပြုလိုက်သည့်နောက် ရိုမီယူအား ပြန်လည် ခေါ်ယူရန် စိတ်ဝင်စား လာခဲ့သည်။
ပြီးခဲ့သည့် ဘောလုံးရာသီက ချယ်လ်ဆီးတွင် ပွဲကစားခွင့် အထိုက်အလျှောက် ရရှိခဲ့သည့် ရိုမီယူက ဘာစီလိုနာသို့ ပြန်လည် ပြောင်းရွှေ့ရေးသည် မိမိအတွက် ရွေးချယ်စရာ တစ်ခုဟု မှတ်ချက်ပြုခဲ့သည်။ ဘာစီလိုနာ၏ လာမာဆီယာ လူငယ် အကယ်ဒမီမှ ထွက်ပေါ်လာသည့် ရိုမီယူက "ဘာစီလိုနာကို ပြန်သွားရမလား ဆိုတာက ထည့်စဉ်းစားရမယ့် အချက်တစ်ခုပါ။ ဘာစီလိုနာက ထွက်လာ ကတည်းက ကျွန်တော် သိခဲ့တာ တစ်ခုက သူတို့ဟာ ကျွန်တော့်ကို ပြန်ခေါ်ချင်ရင် ခေါ်ခွင့်ရှိတယ် ဆိုတာပါ။ ဗီလာနိုဗာက ကျွန်တော့်ကို လိုချင်တယ် ဆိုရင် ကျွန်တော် သူနဲ့ စကားပြောပြီး အလေး အနက် စဉ်းစားပါမယ်။ ဘာစီလိုနာက ကျွန်တော် အားပေးနေဆဲ အသင်းပါ။ အဲဒီမှာ ကစား ခဲ့ရတဲ့ ကာလတွေက တကယ့်ကို ကျေနပ်စရာပါပဲ" ဟု ဖွင့်ဟ ပြောဆိုသွားသည်။
ဘာစီလိုနာကို ပြန်သွားရမလား ဆိုတာက ထည့်စဉ်းစားရမယ့် အချက်တစ်ခုပါ။ ဘာစီလိုနာက ထွက်လာကတည်းက ကျွန်တော် သိခဲ့တာ တစ်ခုက သူတို့ဟာ ကျွန်တော့်ကို ပြန်ခေါ်ချင်ရင် ခေါ်ခွင့်ရှိတယ် ဆိုတာပါ..

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com