ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ပါတီဥက္ကဌ ဦးအေးလွင်သည် ယနေ့ ဇူလိုင်လ (၂၀) ရက်နေ့ နံနက် ၆ နာရီက အင်းစိန်ဗဟို အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ကြောင်း သိရသည်။
ဦးအေးလွင်အား ထောင်အာဏာပိုင်များက ပုလဲကွန်ဒိုရှိ ၄င်း၏ ရုံးချုပ်သို့ လာရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ “အခုမှ လွတ်လာတဲ့အတွက် ပါတီဝင်တွေနဲ့အတူ တိုင်ပင်ရပါဦးမယ်။ ပြီးမှ လုပ်စရာရှိတာ လုပ်ပါမယ်” ဟု ဦးအေးလွင်က ပြန်လည်လွတ်မြောက်လာ အပြီး ၄င်း၏ ပါတီရုံးချုပ်၌ ပေါ်ပြူလာနယူးစ်သို့ပြောကြားသည်။ ဦးအေးလွင်ကို ပြီးခဲ့သော မေလ ၂၂ ရက်နေ့က လှည်းကူးမြို့နယ် တရားရုံးက တာဝန်ဝတ္တရား နှောက်ယှက်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ လ ချမှတ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၆ ရက် နေ့တွင် ဦးအေးလွင်သည် ပါတီ တာဝန်ဖြင့် နေပြည်တော်သို့ သွားရောက်စဉ် လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမှတ်(၃) အမြန်လမ်းမကြီး လမ်းဆုံ တိုးဂိတ်ဝန်ထမ်းနှင့် စကား အချေအတင် ဖြစ်ရာမှ တာဝန်ဝတ္တရား နှောက်ယှက်မှုဖြင့် တရားစွဲ ခံရခြင်းဖြစ်သည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com