လူဦးရေ တစ်သိန်းအထက် နေထိုင်သော နိုင်ငံတစ်ဝန်းရှိ စီးပွားရေး အချက် အချာကျ သည့် မြို့ကြီး ၃၁ မြို့ကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင် ရန် ဆောက်လုပ်ရေး ဝန်ကြီး ဌာနက ဖြစ်နိုင်ခြေ လေ့လာစစ်တမ်း ကောက်ယူမှုများ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ၁၁-၇-၂၀၁၂ ရက်က သိရသည်။
မြို့ကြီး ၃၁ မြို့တွင် မော်လမြိုင်၊ ပုသိမ်၊ ဟင်္သာတ၊ ထားဝယ်၊ မြိတ်၊ မအူပင်၊ ပဲခူး၊ ပြည်၊ တောင်ကြီး၊ စစ်တွေ၊ ကလေး၊ ရွှေဘို၊ မိုးကုတ်၊ မိတ္ထီလာ၊ မြင်းခြံ၊ မကွေး၊ မုံရွာ၊ ဗန်းမော်၊ မြစ်ကြီးနား၊ လားရှိုးနှင့် ချောက် အစရှိသော မြို့များ ပါဝင်နေကာ ယင်းမြို့များ အပါအဝင် စီးပွားရေး အချက်အချာ ကျနေသော မြို့ကြီးများကို ဦးစားပေး ဆောင်ရွက်ရန် ရှိနေသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတင်းများအရ သိရသည်။
“လူဦးရေ တစ်သိန်း အထက်မြို့တွေကို ပြုပြင်တိုးချဲ့ အဆင့်မြှင့်တင်တာတွေက လုပ်သင့်ပါတယ်။ ဒါပေမဲ့ နယ်မြို့တွေမှာ ဆိုရင်တော့ အထပ်မြင့် တိုက်တွေထက် နှစ်ထပ်၊ သုံးထပ်လောက်ပဲ ဆောက်လုပ်ကြရမှာပါ။ ပြီးတော့ မြို့ကွက်ချဲ့တာတွေ လုပ်ချင် လုပ်ကြရလိမ့်မယ်” ဟု Golden Gate International ဆောက်လုပ်ရေးအုပ်စု ဥက္ကဋ္ဌ ဦးဇော်မင်း သိန်းက ပြောကြားသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အဆင့်မြှင့်တင်မှုများတွင် အိမ်ရာများ ဖော်ဆောင်မှု သီးသန့်မဟုတ်ဘဲ မြို့၏ သပ်ရပ်ခံ့ညားမှုနှင့် စံပြမြို့များ ဖြစ်စေရန်နှင့် စနစ်ကျနသော မြို့များ ဖြစ်စေရန် ဦးတည် လုပ်ဆောင်နေသည်ဟု သိရသည်။ “လူဦးရေတိုးမှု အလားအလာနဲ့ မြို့ပြဖွံ့ဖြိုးမှုကို တွက်ဆပြီး အခုကတည်းက ပြင်ဆင်ထားတာ ပိုပြီးကောင်းမှာပါ။ ဥပမာ ပြောရရင် မြို့တစ်မြို့မှာ လူဦးရေ တစ်သိန်းရှိမယ်။ ဒီလူဦးရေက ထပ်ပြီး တိုးပွားဦးမှာ ဖြစ်သလို။ သူတို့နေဖို့ နေစရာတွေက ထပ်ပြီးလုပ်ရဦးမှာပဲ။ ဒီမှာပဲ ပြည်ပက ဝင်လာမယ့် လုပ်ငန်းစုတွေနဲ့ ပေါင်းပြီး မြို့ပြရဲ့ နေရာလိုအပ်ချက်က မြင့်တက်လာဖို့ပဲ ရှိနေတာ။ ဒါကိုကြိုတင်ပြီး ပြင်ဆင်ထားဖို့ လိုပါတယ်” ဟု ဦးဇော်မင်းသိန်းက သုံးသပ်ပြောကြားသည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com