မန်ချက်စတာ ယူနိုက်တက် အသင်းသည် တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်အား စာချုပ်သက်တမ်း တိုးရန် ဆွေးနွေးမှုများ မပြီးပြတ်ဘဲ ကြန့်ကြာနေဆဲဟု သိရှိရသည်။
အသက်(၂၁)နှစ်ရှိ ကစားသမားသည် အိုးလ်ထရက်ဖို့ဒ်တွင် စာချုပ်သက်တမ်း လက်ကျန် နောက်ဆုံးနှစ်ထဲ ရောက်ရှိနေပြီးနောက် အသင်းနှင့် (၄)နှစ် သက်တမ်းတိုးရန် ဆွေးနွေးနေဆဲ ဖြစ်သည်။ ၀ဲလ်ဘက်သည် လတ်တလောတွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၅၀၀၀)သာ ရရှိနေသူဖြစ်ပြီး မန်ယူက တစ်ပတ်လုပ်ခ ပေါင်စတာလင် (၄၀၀၀၀)ဖြင့် စာချုပ်သက်တမ်း တိုးရန် ကမ်းလှမ်းထားသည်။ သို့သော် ကစားသမားက ဆုကြေးများ မပါမီ အခြေခံ လုပ်ခ တစ်ပတ် ပေါင်စတာလင် (၆၀၀၀၀)ထိ တောင်းဆိုထားခြင်းကြောင့် ဆွေးနွေးမှုများ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေခြင်းဟု သိရသည်။
ဥရောပ ဖလား ပြိုင်ပွဲတွင် အင်္ဂလန် အသင်းအတွက် ပါဝင်ကိုယ်စားပြုခွင့် ရခဲ့သည့် ၀ဲလ်ဘက်ကို အစ်ကိုဖြစ်သူ ခရစ်ဝဲလ်ဘက်က အေးဂျင့်အဖြစ် တာဝန်ယူ ဆောင်ရွက်ပေးနေပြီး မန်ယူအသင်းက ကမ်းလှမ်းသည်ထက် ထိုက်တန်သော စာချုပ်မျိုး ၀ဲလ်ဘက် အနေဖြင့် ခံစားခွင့် ရသင့်ကြောင်း အဆိုပြုထားသည်။ ၀ဲလ်ဘက်သည် ပြီးခဲ့သည့် ဘောလုံးရာသီက မန်ယူအတွက် (၃၈)ပွဲ ကစားကာ (၁၂)ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ မန်ယူ အသင်းသည် ၀ဲလ်ဘက်၏ စာချုပ်ကိစ္စကို အလေးအနက် စဉ်းစားနေပြီး အသင်းမှ လူငယ် ကစားသမား(၂)ဦး ထွက်ခွာသွားသည့် ကိစ္စမျိုး ထပ်မံမကြုံရအောင် တားဆီးဖွယ် ရှိနေသည်။
မန်ယူအသင်းမှ လူငယ် ကွင်းလယ် ကစားသမား ပေါလ်ပေါ့ဂ်ဘာသည် ဂျူဗင်းတပ်စ် အသင်းသို့ တစ်ပတ်လုပ်ခ ပေါင်စတာလင် (၃၀၀၀၀)တန် စာချုပ်ဖြင့် ပြောင်းရွှေ့သွားပြီး ယခုအခါ နောက်ခံလူ အက်ဇ်ကီရယ်လ် ဖရိုင်ယာသည်လည်း အသင်းနှင့် သက်တမ်းတိုးရန် အဆင် မပြေသည့်နောက် တော့တင်ဟမ် ဟော့စပါးသို့ ပြောင်းရွှေ့ရန် သေချာသလောက် ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။
ကစားသမားက ဆုကြေးများ မပါမီ အခြေခံ လုပ်ခ တစ်ပတ် ပေါင်စတာလင် (၆၀၀၀၀)ထိ တောင်းဆိုထားခြင်းကြောင့် ဆွေးနွေးမှုများ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေ..
ကစားသမားက ဆုကြေးများ မပါမီ အခြေခံ လုပ်ခ တစ်ပတ် ပေါင်စတာလင် (၆၀၀၀၀)ထိ တောင်းဆိုထားခြင်းကြောင့် ဆွေးနွေးမှုများ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေ..
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com