ဘာစီလိုနာ အသင်းသည် ချယ်လ်ဆီးသို့ ၎င်းတို့ ရောင်းထုတ်ခဲ့သည့် ကွင်းလယ် ကစားသမား အော်ရီရော်လ် ရိုမီယူကို ပြန်လည် ခေါ်ယူရန် စဉ်းစားနေကြောင်း သိရှိရသည်။
ပြီးခဲ့သည့် နွေရာသီက စပိန်လူငယ် ကွင်းလယ်အဖျက် ကစားသမားလေးကို ဘာစီလိုနာက လန်ဒန်ကလပ်ထံ ရောင်းထုတ်ခဲ့ပြီး ထိုစဉ်က မိမိတို့ အလိုရှိလျှင် (၂)နှစ်အတွင်း သတ်မှတ်ဈေးနှုန်း တစ်ရပ်ဖြင့် ပြန်လည်ခေါ်ယူခွင့် ပြုရမည်ဆိုသော အချက်ကို ထည့်သွင်း စာချုပ်ခဲ့သည်။ ယခုအခါ ဘာစီလိုနာသည် ကွင်းလယ်လူ ဆီဒေါ်ကီတာအား လက်လွတ် ဆုံးရှုံး ခံလိုက်သည့်နောက် အသက်(၂၀)အရွယ် ရိုမီယူကို ကီတာ၏ နေရာတွင် အစားပြန်ဖြည့်ရန် စိတ်ကူးလာကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ချယ်လ်ဆီးတွင် ပွဲထွက်နေရာ ရရှိရန် ကြိုးစားနေဆဲဖြစ်သည့် ရိုမီယူကို ဘော်လ်တန်ကလည်း အငှား ခေါ်ယူရန် ဆန္ဒရှိနေသည်။ သို့သော်လည်း ဘာစီလိုနာက စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် အထိုက်အလျောက် အတွေ့အကြုံ ရှာခဲ့ပြီးဖြစ်သည့် လူငယ် ကစားသမားလေးအား ပြန်လည် ခေါ်ယူသိမ်းသွင်းလာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဘာစီလိုနာသည် ချယ်လ်ဆီး ကစားသမားများဖြစ်သည့် ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်နှင့် ဒေးဗစ်လူးဝစ်ဇ်တို့ကိုလည်း စိတ်ဝင်စားနေသည်။
ဘာစီလိုနာ နည်းပြ တီတိုဗီလာနိုဗာသည် ပြီးခဲ့သည့် ရာသီက ဥရောပ ချန်ပီယံ ဖြစ်ခဲ့သည့် ချယ်လ်ဆီးအသင်း ခံစစ်ကြောင်းတွင် ခြေစွမ်းပြခဲ့သော ကစားသမား (၂)ဦးလုံးအား နှစ်သက် သဘောကျလျှက် ရှိသည်။ ဘာစီလိုနာ နောက်တန်းတွင် ဂျရတ်ပီကေးနှင့် ကားလို့စ်ပူယိုးလ်တို့ ဒဏ်ရာရနေပါက အပြည့်အ၀ အစားထိုးနိုင်မည့် လောက်လောက်လားလား ခံစစ်မှူး မရှိခြင်းကြောင့် ဗီလာနိုဗာက ချယ်လ်ဆီး၏ မာကျောသော ခံစစ် အင်အားစုကို ချိန်ရွယ်နေခြင်း ဖြစ်သည်။
ဘာစီလိုနာသည် ကွင်းလယ်လူ ဆီဒေါ်ကီတာအား လက်လွတ် ဆုံးရှုံး ခံလိုက်သည့်နောက် အသက်(၂၀)အရွယ် ရိုမီယူကို ကီတာ၏ နေရာတွင် အစားပြန်ဖြည့်ရန် စိတ်ကူးလာ..
ဘာစီလိုနာသည် ကွင်းလယ်လူ ဆီဒေါ်ကီတာအား လက်လွတ် ဆုံးရှုံး ခံလိုက်သည့်နောက် အသက်(၂၀)အရွယ် ရိုမီယူကို ကီတာ၏ နေရာတွင် အစားပြန်ဖြည့်ရန် စိတ်ကူးလာ..
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com