22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 14, 2012

ကုလသမဂ္ဂနှင့် အန်ဂျီအို ၀န်ထမ်း ၁၀ ဦး ဖမ်းဆီးခံထားရ

မြန်မာနိုင်ငံမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အန်ဂျီအို အမှုထမ်း ၁၀ ဦး ဖမ်းဆီး ထိန်းသိမ်းခံနေရပြီး တချို့စွဲချက် တင်ခံထားရတယ်လို့ ကုလသမဂ္ဂက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ပြီး နောက်တနေ့မှာပဲ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ယူအန်အိတ်ခ်ျစီအာက သတင်းထောက်တွေကို ပြောကြား လိုက်တာပါ။
ဘန်ကောက်အခြေစိုက် ယူအန်အိတ်ခ်ျစီအာရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စ ကစ်တီ မကင်ဆီကတော့ ထိန်းသိမ်းခံထားရသူတွေထဲမှာ ယူအန်အိတ်ခ်ျစီအာ အတွက် အလုပ်လုပ် ပေးနေတဲ့ မြန်မာနိုင်ငံသား ၃ ဦး ပါဝင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါပေမယ့် ဖမ်ဆီးခံထားရတဲ့ ၀န်ထမ်းတွေရဲ့ ပုဂ္ဂိုလ်ရေးကို လျှို့ဝှက်ထားရ မယ့် စည်းကမ်းရှိတဲ့အတွက် သူတို့ဘယ်သူတွေလဲ၊ ဘယ်နေရာမှာ ထိန်းသိမ်းခံနေရ တယ် ဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်ပြောဖို့ ငြင်းဆိုပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာ အန်တိုနီရို ဂုထရပ်စ်က ဖမ်ဆီးခံထားရတဲ့ ၀န်ထမ်းတွေနဲ့ ပတ်သက်ပြီး ရှင်းပြဖို့နဲ့ တွေ့ခွင့်ပေးဖို့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ မြန်မာအာဏာပိုင်တွေကို တောင်းဆိုထားပြီး မြန်မာ အာဏာပိုင်တွေအနေနဲ့ ဒီတောင်းဆိုချက်ကို အလေးထားစဉ်းစားမယ်လို့ မျှော်လင့်ကြောင်း မစ္စ ကစ်တီ မကင်ဆီ က ပြောပါတယ်။
ရိုက်တာသတင်းတပုဒ်မှာတော့ ထိန်းသိမ်းခံထားရသူတွေထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ၃ ဦးနဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ဖော်ပြပါတယ်။
ကုလသမဂ္ဂ အမှုထမ်းတွေဟာ ပြီးခဲ့တဲ့လကဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခအတွင်းမှာ ဖမ်းဆီးခံထားရတာဖြစ်ပြီး မြန်မာအစိုးရက ဒီသတင်းနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေး အဖွဲ့ကလည်း နိုင်ငံတကာအဖွဲ့အစည်းတွေက ဘယ်အမှုထမ်းကိုမှ ဖမ်းဆီးထားခြင်းမရှိဘူးလို့ ဒီဗွီဘီကို ငြင်းဆိုထားပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )