သစ်ပင် တေးစီးရီး အယ်လ်ဘမ် ထွက်နိုင်ဖို့ရာ ပြင်ဆင်ရင်း ပြည်တွင်း ပြည်ပပွဲတွေ ဆိုနေတဲ့ တေးသံရှင်ခင်ဘုဏ်းနဲ့ ဂီတလောကမှာ ခေတ် စားနေတဲ့ ခေတ်သစ် ဂီတအလွှာအပေါ် အမြင်နဲ့သဘောထားလေးကို မေး ကြည့်ခဲ့တော့-
“အစ်မရဲ့သစ်ပင်တေးအယ်လ်ဘမ်ကလုပ်နေတုန်းပါပဲ။ှ့သတ ပွဲတွေကတော့ ရန်ကုန်မှာကတော့ကုမ္ပဏီတွေ၊ ဒင်နာတွေဆိုနေတယ်။ အခုလာမယ့်စက်တင်ဘာမှာShow ပွဲဆိုဖို့ရှိပါတယ်။ ပြည်ပပွဲကတော့ ရှိပေမယ့်လောလောဆယ်အတိအကျမသိသေးဘူး။Show ပွဲတွေမှာသစ်ပင် ကမထွက်သေးဘူးဆိုတော ရှေ့ကအခွေထဲကသီချင်းတွေပဲ ဆိုဖြစ်တယ်။ သီချင်းသစ်တွေကို ပရိသတ်ကိုချပြမိတ်ဆက်တာမျိုးမရှိပေမယ့် သင်္ကြန် တုန်းကတော့တစ်ပုဒ်ဆိုဖြစ်တယ်။ ကြိုက်ကြပါတယ်။
အစ်မတို့ရဲ့မျိုးဆက် ရင်သွေးလေးယူဖို့ရာတော့လိုပါသေးတယ်။ အစ်မတို့က အခုတစ်ယောက် တစ်နေရာဆီခွဲနေရတာဆိုတော့လေလို့ ပြောလာတဲ့ အဆိုတော်ခင်ဘုဏ်း ကို ခေတ်သစ်ဂီတအလွှာ ဖွဲ့စည်းရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မေးကြည့် တော့ ခေတ်သစ်ဂီတအလွှာဆိုတာ အခုထိရှိမလာဖြစ် သေးဘူးဆိုပေမယ့် အလွှာတစ်လွှာရှိသင့်တယ်လို့ထင်ပါတယ်။
ခေတ်သစ်ဂီတအလွှာလုပ် လိုက်ခြင်းအားဖြင့် ဂီတလောကကြီး ဒီထက်ပိုကောင်းလာမှာပဲ။ လူငယ် တွေကကိုယ့်ဟာကိုယ်လုပ်ရင် ကိုယ့်အလွှာအတွက် ပိုကောင်းအောင်လုပ် နိုင်မယ်လို့ထင်ပါတယ်”လို့ပြောသွားခဲ့ပါတယ်။



6:38 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com