လှေကား ထစ်တွေပေါ် တက် လာရင်း မောမော လာရင်၊ ဒါမှ မဟုတ် ရင်ကျပ် လာပြီး ဆက် မတက်နိုင် ဖြစ်လာပြီဆိုရင် "ငါ့ရင်ဘတ်ထဲမှာ ဘာတွေဖြစ်လာလို့ပါလိမ့်" လို့ စဉ်းစားမိပါသလား။ ပုံမှန်အားဖြင့် လှေကားပေါ် အတက်အဆင်း လုပ်ရုံ လောက်နဲ့ မမော၊ မပန်းလှပါ။ အသက်ရှူမဝ မဖြစ်တတ်ပါ။
သို့ သော် အဲဒီလို ပုံမှန်မဟုတ်တော့ ဘူးဆိုရင်တော့ သင့်ရင်ဘတ်ထဲမှာ တစ်စုံတစ်ရာသော ပြဿနာရှိလာလို့ ပါပဲ။ အဆုတ်ကြောင့်လား၊ နှလုံး ကြောင့်လားဆိုတာ ဆန်းစစ်ဖို့လိုပါ တယ်။ လူအများစု အထူးသဖြင့် အသက် ၃၅ နှစ်အထက် အရွယ် ရောက်လာပြီဆိုရင်ဖြင့် လူ ၁၀ဝ မှာ အယောက် ၄၀ လောက်ဟာ အဆုတ် ရောဂါပြဿနာနှင့် ရင်ဆိုင်လာကြရ တာကို တွေ့ရပါတယ်။
အဲဒီထဲမှာမှ တချို့က အဆုတ် ရောဂါဝေဒနာတစ်ခုခုကိုလည်းကောင်း၊ တချို့က နာတာရှည် အသက်ရှူ လမ်းကြောင်း ပိတ်ဆို့မှုရောဂါဝေဒနာ တစ်မျိုးမျိုးကိုလည်းကောင်း အနည်း ဆုံး ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဒါပေ မယ့် မိမိမှာ ရောဂါရှိလို့ရှိနေမှန်း မသိကြတာဟာလည်း အဓိက ပြဿ နာတစ်ခုပါပဲ။ မသိတော့ မသိလိုက် ဘာသာနေလိုက်ကြတယ်။ ရောဂါထ လာရင် ခံစားလိုက်ပြီး သက်သာသွား ရင် မည်သည့်ဝေဒနာကိုမှ မခံစားရ တော့ သတိမရတော့ဘူး။
ရှေ့တစ် ရက် နှစ်ရက်က နေမကောင်းအတော် ဖြစ်လိုက်တာပဲ၊ အခုတော့ပေါ့သွားပြီ၊ နေလို့ထိုင်လို့ကောင်းသွားပြီ၊ သက် သာသွားပြီလို့ ထင်တတ်ကြပါတယ်။ အထူးသဖြင့် နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်ဆို့တဲ့ ရောဂါဝေဒနာဖြစ်ပွားနေကြတဲ့ လူတွေ ရဲ့ ထက်ဝက်ကျော်ဟာ (အလယ် အလတ်မှသည် ပြင်းထန်တဲ့ ဝေဒနာ ခံစားရတဲ့ လူနာများအပါအဝင်) သူတို့ မှာ အဆုတ်ရောဂါပြဿနာ ရှိနေ ကြောင်း နားမလည် မသိရှိကြ ပါဘူးတဲ့။
ဘယ်လောက်ထိ မသိ နားမလည်ကြသလဲဆိုရင် သူတို့ အဆုတ်တွေရဲ့ ပါဝါစွမ်းအား တစ် ဝက်လောက်လျော့ကျလာတဲ့တိုင် အောင် အဆုတ်မှာ ရောဂါရှိနေကြ မှန်း သတိမထားမိကြပါဘူး။ ဘာကြောင့်လဲ။ ဆေးလိပ် သောက်တဲ့အတွက် ဖြစ်ပါတယ်။ ဆေး လိပ်လေးသောက်လိုက် အနားယူ၊ အပျင်းဖြေသလိုနေလိုက်နဲ့ ချောင်း လေးတဟွတ်ဟွတ်ဆိုးလိုက်၊ ပျောက် သွားလိုက်နဲ့ သူတို့ကိုယ်သူတို့ အခြား ကျန်းမာနေတဲ့ လူတွေလို သွားလာ လှုပ်ရှားနေနိုင်တာပဲလို့ ထင်မှတ် နေကြရှာပါတယ်။ လှုပ်လှုပ်ရှားရှား သွားလာနိုင်နေသေးတာကိုး။
အားစိုက် ပြီး လုပ်ရတဲ့အခါ မောလာတာ၊ ရင်ကျပ်သလိုဖြစ်လာတာမျိုးကို ခပ် ပေါ့ပေါ့လေးတွေးပြီး အလုပ်ပင်ပန်း လို့ပဲလို့ စိတ်ဖြေကာ သတိမထား မိကြပါဘူးတဲ့။ ဆေးလိပ်တစ်မျိုးတည်းချည်း လည်း မဟုတ်ပါဘူး။ ဖုန်မှုန့်၊ အမှိုက်သရိုက်တွေနဲ့ ဂက်စ်ဓာတ်ငွေ့ တွေ၊ ဓာတ်ဆီနံ့တွေ၊ မီးခိုးငွေ့တွေ၊ အိတ်ဇောပိုက်ကထုတ်လိုက်တဲ့ မဲနေ တဲ့ အငွေ့တွေကို ရှူရှိုက်နေရတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရသူတွေမှာ လည်း ရှေ့မှာဖော်ပြခဲ့သလို ထို မသန့်ရှင်းတဲ့လေက အသက်ရှူလမ်း ကြောင်းနဲ့တကွ အဆုတ်တွေအား မှန်မှန်ရှူရှိုက်ထိတွေ့နေရတဲ့အတွက် ရောဂါပိုဖြစ်ပွားခံစားအောင် ဖန်တီးပေး နေသလိုဖြစ်စေပါတယ်။
အဲဒီလို အဆုတ်ရောဂါပြဿနာ တွေ ဖြစ်ပေါ်ခံစားလာရပါလျှင် သင့်မှာ အဆုတ်ရောဂါရှိ၊ မရှိ ဆေးစစ်ဆေး ဖို့လိုလာပါပြီ။ ရင်ဘတ်ဓာတ်မှန်ရိုက် စစ်ဆေးကြသလို၊ အဆုတ် ပုံမှန် အလုပ်လုပ်နေပါသလားဆိုတာလည်း သိဖို့လိုပါတယ်။ အဆုတ်ရဲ့ လုပ်ငန်း ဆောင်တာ ကောင်း၊ မကောင်း စစ် ဆေးတာကိုတော့ Lung Function Test လို့ ခေါ်ပါတယ်။ အဆုတ် လုပ်ငန်းစစ်ဆေးစမ်းသပ်ချက်လို့ ရေးလေ့ရှိပါတယ်။ Lung Function Test လုပ်ခြင်းအားဖြင့် အဆုတ်တွေ မှာ ပြဿနာတစ်ခုခု ရှိ၊ မရှိ တိကျ စွာ ရောဂါရှာဖွေပေးနိုင်ပါပြီ။
ဘယ်အချိန်မှာ ဆရာဝန်နှင့် ပြသရန် လိုအပ်ပါသလဲ
- ပုံမှန်အလုပ်တွေလုပ်နေရင်း အသက်ရှူမဝဖြစ်ပြီး ရင်ကျပ်လာရင် (ဥပမာ အိမ်ရှိလှေကားထစ် ၈ ထစ်မှ ၁၂ ထစ်လောက် တက်ရုံဖြင့် အသက် ရှူကျပ်လာပါက)
- တစ်နှစ်မှာ အနည်းဆုံး ၂ ကြိမ် ခန့် ရင်ကျပ်ချောင်းဆိုးဝေဒနာခံစားရ ပါလျှင် (ချောင်းဆိုးတာ သုံးပတ်ကျော် လို့မှ မသက်သာရင်)
- ချောင်းဆိုးတာ သလိပ်ပါလာရင် သလိပ်အရောင် အစိမ်း သို့မဟုတ် ဝါလာရင် (အအေးမိလို့ တုပ်ကွေး မိလို့မဟုတ်ဘဲ ချောင်းဆိုးသလိပ် ထွက်ခြင်း) မကြာခဏချောင်းဆိုးဆိုး နေပါလျှင်
- ရင်ကျပ်လာပြီး ရင်ဘတ်အောင့် လာလျှင် သို့မဟုတ် နောက်ကျော တွေအောင့်တက်လာပါလျှင် ဒါမှမ ဟုတ် ချွဲသံ မကြာခဏကြားလာရ လျှင် သို့မဟုတ် တရွှီရွှီ အသက်ရှူ သံ မကြာခဏကြားရပါလျှင် ဆရာဝန် ပြသကာ ရောဂါရှာဖွေမှုလုပ်ရန် လိုအပ်လာပါပြီ။



6:30 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com