တောင်သူလယ်သမား ထောင်နဲ့ချီတက်ရောက်မယ့် ညီလာခံတခု ရန်ကုန်မှာ ဇူလိုင် ၁၄ ရက်နေ့ ကျင်းပဖို့ ရှိပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ပြုလုပ်မယ့် အသင်း ၂ နှစ်ပြည့် ညီလာခံမှာ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့က လယ်သမား ၁ ထောင်ကျော် တက်ရောက်ကြမှာဖြစ်ပြီး သူတို့ကိုယ်တိုင် ကြုံတွေ့နေရတာတွေကို ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက “ကျနော်တို့အသင်းဝင် အများစုက လယ်သမား ၁၈၀၀၀ ရှိတယ်ဗျ။ ညီလာခံဆိုတော့ အသင်းဝင်တွေပါ ပြန်ဖိတ်ထားတာ။ တက်လာနိုင်တဲ့ လယ်သမားတွေကိုပဲ ကျနော်တို့က ပြင်ဆင်ပေးတဲ့ သဘောပါ။ သူတို့တွေကလည်း အသင်းကို တင်ပြမယ့် အဆိုတွေ ရှိတာပေါ့။ သူတို့လိုလားတဲ့ အချက်တွေ ရှိတယ်ပေါ့။ မြေယာသိမ်းတဲ့ကိစ္စတွေပေါ့။ ဒါတွေကိုလည်း သူတို့ဘက်က တင်ပြဖို့ ရှိတော့ ဒီပွဲမှာ တခါတည်း သူတို့ တင်ပြချင်တာတွေ တင်ပြလို့ရအောင်လေ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှာ အသင်းဝင်အင်အား ၃ သောင်းလောက် ရှိပါတယ်။
စနေနေ့ ကျင်းပဖို့ရှိတဲ့ ညီလာခံကို အစိုးရတာဝန်ရှိသူတွေ၊ ဆန်စပါး ပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေ စုံလင်အောင်ဖိတ်ထားတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
ညီလာခံကို ၂ ရက်ကြာကျင်းပမှာဖြစ်ပြီး ညီလာခံပြီးဆုံးမယ့် ဇူလိုင် ၁၅ ရက်နေ့မှာ အပတ်စဉ်ထုတ် ဂျာနယ်တွေထဲက ဆန်စပါးလုပ်ငန်းနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြခဲ့ကြတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေထဲက အကောင်းဆုံး သတင်းနဲ့ သတင်းဆောင်းပါးတွေ ရွေးချယ်ပြီး ဆု ၆ ဆု ချီးမြှင့်ပေးအပ်ဖို့လည်း ရှိပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းကို ၂၀၁၀ ခုနှစ်က စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုကျင်းပမယ့် ညီလာခံဟာ ပထမအကြိမ်ဖြစ်ပါတယ်။



6:33 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com