22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 29, 2012

သန္ဓေ တားဆေး သောက်နေ သလား?

 

ပရိုဂျက် စတင်(Progestin)နဲ့ အီစထရို ဂျင် (Estrogen) ဆိုတဲ့ ဟော်မုန်း နှစ် မျိုးကို ပမာဏအနည်းငယ်စီ ထည့်သွင်းထားတဲ့ ဟော်မုန်းပါသန္ဓေတားဆေးကို သောက်နေသူ အိမ်ထောင်ရှင် အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်မရစေဖို့ တစ်နေ့ တစ်လုံးမှန်မှန် သောက်သုံးဖို့ လိုပါတယ်။ ဒီဟော်မုန်းတွေက သားဥအိမ်ကနေ သားဥ မြွေကအောင် တားဆီးပေးပါတယ်။ ဒါပေမဲ့ ဒီဆေးတွေကို သောက်တာကြောင့် လိင်ကနေတစ်ဆင့် ကူးစက်ရရှိနိုင်တဲ့ ရောဂါပိုးတွေကိုတော့ မကာကွယ်နိုင်ပါဘူး။
သန္ဓေတားသောက်ဆေး သောက်ခြင်း ဖြင့် ရရှိနိုင်သော ကောင်းကျိုးများ
သန္ဓေတားသောက်ဆေးကို အ ညွှန်းအတိုင်း၊ မြားအတိုင်း နေ့စဉ်မှန်မှန် (Sex ကိစ္စ ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ သောက်ပေးရပါမယ်) သောက် ပေးရင် အမျိုးသမီးအားလုံးနီးပါး(အမျိုး သမီး၁၀ဝမှာ တစ်ဦးပဲ ကိုယ်ဝန်ရနိုင်ခြေ ရှိ)ကို ကိုယ်ဝန်မရရှိအောင် တားဆီးပေး နိုင်ပါတယ်။ ရရှိနိုင်တဲ့ တခြားကောင်း ကျိုးတွေကတော့à ရာသီအကြိုနဲ့ ရာသီလာစဉ်ဖြစ်တတ် တဲ့ နာကျင်ကိုက်ခဲမှုဝေဒနာကို သက် သာစေတယ်၊
- သားအိမ်ကင်ဆာကို ကာကွယ်ပေး တယ်၊
- အတွင်းပိုင်းရှိမျိုးဆက်ပွားအင်္ဂါတွေ မရောင်ရမ်းအောင် ကာကွယ်ပေးတယ်၊
- သားဥအိမ်မှာ ရေအိတ်မတည် အောင် ကာကွယ်ပေးနိုင်သလို ရေအိတ် ငယ်တွေ ရှိရင်လည်း ရောဂါလက္ခဏာ တွေကို သက်သာစေပါတယ်။ ဒီဆေးကို တိတိကျကျနဲ့ မှန်မှန် ကန်ကန်သောက်မယ်ဆိုရင် အလွန်ထိ ရောက်စွာ သန္ဓေတားနိုင်ပါတယ်။ ဒီဆေး ကို ရပ်ပြီးတာနဲ့ ချက်ချင်း ကိုယ်ဝန်ရနိုင် ခြေရှိပါတယ်။
သန္ဓေတားသောက်ဆေး သောက်ခြင်းဖြင့် ရရှိနိုင်သော ဆိုးကျိုးများ
နေ့စဉ် မပျက်မကွက်၊ မမေ့မလျော့ သောက်နေရပါတယ်။သန္ဓေတားဆေး သောက်သုံးတဲ့ အမျိုးသမီးတချို့မှာ အောက် ပါဆိုးကျိုးတွေ ရရှိတတ်ပါတယ်။
- ပျို့ချင်အန်ချင်ဖြစ်တယ်။
- စိတ်ခံစားမှု အပြောင်းအလဲတွေ ဖြစ် နိုင်ပါတယ်။
- ဝက်ခြံတွေ ပိုဆိုးလာတယ် (တချို့အ မျိုးသမီးတွေမှာ ဝက်ခြံသက်သာလာပါ တယ်)။
- ကိုယ်အလေးချိန်တက်လာတာ၊ ကျ သွားတာ ဖြစ်တတ်တယ်။
- ခေါင်းကိုက်တာနဲ့ ခေါင်းမူးတာ ဖြစ် နိုင်ပါတယ်။
- ရာသီလာတဲ့ ပုံစံပြောင်းလဲတာ (ဥ ပမာ- ရာသီပုံမှန် မလာတာ၊ ရာသီသွေး နည်းသွားတာ၊ ရာသီလာတဲ့ အကြိမ်ရေ ပုံမှန်မဟုတ်တော့တာ)ဖြစ်တတ်ပါတယ်။
- ရင်သားတွေ တင်းမာတာ စတဲ့ ဆိုး ကျိုးတွေ ဖြစ်နိုင်ပါတယ်။
Tips:
သန္ဓေတားဆေး သောက်တဲ့အတွက် အမျိုးသမီးတွေမှာ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေ ပြောင်းလဲတာမျိုး မဖြစ်တတ်ပါဘူး။ အမျိုးသမီးအများစုဟာ သန္ဓေ တားဆေးကို အန္တရာယ်ကင်းကင်း သောက်နိုင်ပေမယ့် သွေးခဲတာ၊ လေဖြတ်တာ၊ နှလုံးရောဂါထတာ၊ အဝလွန်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ ဆီးချိုရောဂါရှိတာ၊ ရင်သားကင်ဆာရှိတာ၊ အသည်းရောဂါနဲ့ သည်းခြေရောဂါရှိတာစတဲ့ အခြေအ နေတွေ ရှိရင်တော့ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးပြီးမှ သန္ဓေတားဆေးကို သောက်သင့်ပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )