ဆော်ပေါ်လို အသင်းက မိမိတို့၏ လူငယ် ကွင်းလယ် ကစားသမားလေး လူးကက်စ်မိုရာ အတွက် မန်ချက်စတာ ယူနိုက်တက်၏ ချိတ်ဆက်မှုသည် ဆက်လက်ရှင်သန် အလားအလာ ကောင်းနေဆဲဟု ဝန်ခံခဲ့သည်။
သတင်းများက မန်ယူ အသင်းသည် ဈေးနှုန်း ညှိနှိုင်းမှု အဆင် မပြေသည့်နောက် အသက်(၁၉)နှစ် အရွယ် ပါရမီရှင် ဘရာဇီးလ် ကွင်းလယ် ကစားသမားလေးအား ခေါ်ယူရန် လက်လျှော့ သွားပြီဟု ဖော်ပြခဲ့သော်လည်း ဆော်ပေါ်လို အသင်း၏ ဒုတိယ ဥက္ကဋ္ဌကမူ မန်ယူ၏ ကြိုးပမ်းမှုသည် ဆက်လက် ရှင်သန်နေဖွယ် ရှိကြောင်း ဝန်ခံခဲ့သည်။ မိုရာ၏ အေးဂျင့် ကိုယ်တိုင်ကလည်း ဘရာဇီးလ် အိုလံပစ် အသင်းမှ လက်ရွေးစင် ကစားသမားလေးသည် အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိရန် အခွင့်အလမ်းများ ဆက်လက် တည်မြဲနေကြောင်း ပြောဆိုထားသည်။ အေးဂျင့် ဝက်ဂ်နာ ရီဘီရိုက မန်ယူ၏ ကမ်းလှမ်းမှုသည် ဘရာဇီးလ် အခြေစိုက် ကစားသမား တစ်ဦးအတွက် ဥရောပ ကလပ်အသင်း တစ်ခုက ပေးချေသည့် အမြင့်ဆုံး ပြောင်းရွှေ့ကြေးလည်း ဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။

မန်ယူသို့ ရောက်ရှိနီးစပ်လာသည့် မိုရာ
သတင်းများ အရ မန်ယူသည် မိုရာအတွက် ဆော်ပေါ်လိုအား ပေါင်စတာလင် (၂၉)သန်း အဆိုပြုထားကြောင်း သိရသည်။ ဆော်ပေါ်လို အသင်း ဒုတိယ ဥက္ကဋ္ဌ ဂျိုအို ပေါ်လိုဒီ လိုပက်စ်က "မိုရာရဲ့ အပြောင်းအရွှေ့ ဖြစ်နိုင်ခြေကို ကျွန်တော်တို့ ပယ်ချလို့ မရပါဘူး။ ကျွန်တော်တို့ ဆက်လက် ညှိနှိုင်းနေဆဲပါ။ မန်ယူ အသင်းဆီက ကောင်းမွန်ပြီး လူကြီး လူကောင်းဆန်တဲ့ အဆိုပြု စကားကို ကျွန်တော်တို့ လက်ခံရရှိ ထားပါတယ်။ နောက်ထပ် ကျွန်တော်တို့ ဆွေးနွေးစရာ၊ စကား ပြောစရာတွေ ရှိနေသေးတာ အမှန်ပါပဲ။ မန်ယူ အသင်းရဲ့ ချဉ်းကပ်မှုဟာ အလေးအနက် ရှိပါတယ်။ တခြား အသင်းတွေက မိုရာကို လိုချင်နေတယ် ဆိုတာက သတင်းတွေမှာ ဖော်ပြနေတာပဲ ရှိတာပါ" ဟု ESPNသို့ ပြောကြားသွားသည်။
၎င်းက အကယ်၍ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့လျှင်လည်း မိုရာသည် မွေးရပ်ဇာတိ ကလပ်အသင်းတွင် ပျော်ရွှင်နေမည်ဟု ယုံကြည်ကြောင်း ဆိုသည်။ "မိုရာ ကိုယ်တိုင်ကလည်း ဆော်ပေါ်လိုမှာ ဆက်ကစားဖို့ စိတ်ဆန္ဒ တစ်ခု ရှိတယ်ဆိုတာ မြင်သာအောင် ပြခဲ့ပါတယ်။ သူဟာ ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမားပါ။ နောက်ပြီး သူ့အသက်က သိပ်ငယ်သေးတော့ ဘရာဇီးလ်မှာ ဆက်နေတာလည်း သူ့အတွက် တစ်မျိုးကောင်းပါတယ်" ဟု လိုပက်စ်က မှတ်ချက်ပြု သွားသည်။
မန်ယူ အသင်းဆီက ကောင်းမွန်ပြီး လူကြီး လူကောင်းဆန်တဲ့ အဆိုပြု စကားကို ကျွန်တော်တို့ လက်ခံရရှိထားပါတယ်။ နောက်ထပ် ကျွန်တော်တို့ ဆွေးနွေးစရာ၊ စကား ပြောစရာတွေ ရှိနေသေးတာ အမှန်ပါပဲ...



11:43 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com