လီဗာပူးလ် အသင်း မန်နေဂျာ ဘရန်ဒန် ရော့ဂျာက တိုက်စစ်မှူး အန်ဒီကာရိုးလ်သည် ၎င်း၏ အနာဂတ် စီမံကိန်းတွင် ပါဝင် မနေဟု အတည်ပြု ပြောဆိုလိုက်ကြောင်း သိရှိရသည်။
ကာရိုးလ်၏ ကိုယ်စားလှယ်များသည် ရော့ဂျာနှင့် အင်္ဂါနေ့က တွေ့ဆုံ ဆွေးနွေး ခဲ့သည့်နောက် ရော့ဂျာက ကာရိုးလ်သာ အသင်းမှ ထွက်ခွာလိုလျှင် ထွက်ခွာနိုင်ကြောင်း အသိ ပေးခဲ့ခြင်းဟု သတင်းများက ဆိုသည်။ ကာရိုးလ်အား အသင်းဟောင်း နယူးကာဆယ်လ် ယူနိုက်တက်က ချိတ်ဆက်နေပြီး ပေါင်စတာလင် (၁၆)သန်းထိ အမြင့်ဆုံး ဈေးပေး ခေါ်ယူဖွယ် ရှိနေကြောင်း The Sunက ဆိုသည်။ နယူးကာဆယ်လ်သည် လွန်ခဲ့သော (၁၈)လကမှ ကာရိုးလ်အား လီဗာပူးလ်ထံ ပေါင်စတာလင် (၃၅)သန်းဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

အနာဂတ် မရေရာဆဲ ကာရိုးလ်
ရော့ဂျာသည် အသင်းကို ဘောလုံး ပိုင်ဆိုင်မှု အသားပေး ကစားကွက်မျိုး ဖော်ဆောင် တည်ဆောက်ရန် ကြိုးပမ်းနေပြီး ကြံ့ခိုင်မှု အားပြုသည့် ကာရိုးလ်ကို အပြည့်အဝ မနှစ်သက်ဘဲ ရှိနေသည်။ အသက်(၂၃)နှစ်ရှိ ကာရိုးလ်အတွက် ပေါင်စတာလင် (၁၂)သန်းဖြင့် နယူးကာဆယ်လ်က ပထမ အကြိမ် ကမ်းလှမ်းမှုကို လီဗာပူးလ်က ငြင်းဆိုထားပြီး ဖြစ်သည်။ အစောပိုင်းက နယူးကာဆယ်လ် ဂန္ထဝင် တိုက်စစ်မှူးဟောင်း အလန်ရှီးယားရားက ကာရိုးလ်အနေဖြင့် အိမ်ပြန်သင့်ပြီ (နယူးကာဆယ်လ်အတွက် ပြန်ကစားပေးသင့်ပြီ)ဟု အကြံပြု ပြောဆို ထားသေးသည်။
ကာရိုးလ်၏ ကိုယ်စားလှယ်များသည် ရော့ဂျာနှင့် အင်္ဂါနေ့က တွေ့ဆုံ ဆွေးနွေး ခဲ့သည့်နောက် ရော့ဂျာက ကာရိုးလ်သာ အသင်းမှ ထွက်ခွာလိုလျှင် ထွက်ခွာနိုင်ကြောင်း အသိ ပေးခဲ့...
ကာရိုးလ်သည် လာမည့် သီတင်းပတ်တွင် ရော့ဂျာနှင့် ပုဂ္ဂိုလ်ရေး တိုက်ရိုက်ဆွေးနွေးမှု ပြုလုပ်ဖွယ် ရှိနေကြောင်းလည်း သိရသည်။ နယူးကာဆယ်လ် မန်နေဂျာ အလန်ပါဂျူးက ၎င်းသည် ကာရိုးလ်ကို အလိုရှိကြောင်း အတိအလင်း ထုတ်ဖော် ဝန်ခံထားခဲ့သည်။
Ref: The Sun



5:58 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com