22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 10, 2012

မန်ယူက မိမိကို အတင်းအကျပ် ရောင်းထုတ်ခဲ့သည် ဆိုသော သတင်းများအား ပါ့ခ်ငြင်းဆန်

မိမိကို မန်ချက်စတာ ယူနိုက်တက် အသင်းက အတင်းအကျပ် ရောင်းထုတ်ခဲ့ခြင်း မဟုတ်ကြောင်း ပါ့ခ်ဂျီဆန်က ပြောကြား သွားခဲ့သည်။

QPR အသင်းသို့ အပြီးသတ် ပြောင်းရွှေ့ ရောက်ရှိလာသည့် တောင်ကိုရီးယား ကွင်းလယ် ကစားသမားက မန်ယူကို စွန့်ခွာခဲ့ခြင်းသည် မိမိ၏ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း ဆိုသည်။ အာရှသား တစ်ဦး အနေဖြင့် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး ဘောလုံးကလပ် တစ်ခု၌ (၇)နှစ်ကြာ ဖြတ်သန်းပြီး အောင်မြင်မှု အမြောက်အမြား ရယူနိုင်ခဲ့သည့်နောက် ပါ့ခ်သည် အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းရန် ဆုံးဖြတ်ခဲ့သည်။ QPRသို့ ပေါင်စတာလင် (၅)သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် (၂)နှစ် သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုခဲ့သူ ပါ့ခ်က မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က မိမိအား အတင်း ရောင်းထုတ်ခဲ့သည် ဆိုသော ကောလာဟာလ သတင်းများ အားလုံးကို ငြင်းဆန်သွားခဲ့သည်။
QPR အသင်းသို့ ပြောင်းရွှေ့သွားသည့် ပါ့ခ်ဂျီဆန်

အသက်(၃၁)နှစ်ရှိ ပါ့ခ်သည် QPRတွင် ကာလရှည်ကြာ ပွဲပယ်ခံရသူ ဂျိုယေးဘာတန် နေရာ၌ ၀င်ကစားကာ အသင်း၏ ကွင်းလယ်ကို ဦးဆောင်ရဖွယ် ရှိသည်။ ပါ့ခ်က "ကျွန်တော့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ စပြောခဲ့တဲ့သူက ကျွန်တော်ပါ။ ကျွန်တော့်အတွက် QPRဆီက ကောင်းမွန်တဲ့ ကမ်းလှမ်းမှု တစ်ခု ရှိလာတယ်။ ဒါကြောင့် ကျွန်တော် အသင်းက ထွက်ပါရစေလို့ မန်ယူကို ခွင့်တောင်းခဲ့ပါတယ်။ မန်ယူကို စွန့်ခွာရတာ ခက်ခဲလွန်းပါတယ်။ သူတို့ဟာ အသင်းကောင်းပါ။ လူတိုင်း မန်ယူလို အသင်းမှာ ကစားချင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီကတော့ ကျွန်တော် အသင်းအတွက် ပွဲကစားခွင့် သိပ်မရခဲ့ပါဘူး။ ခုချိန်ထိ မန်ယူမှာ ကစားခွင့်ရဖို့ ကျွန်တော့်မှာ အထိုက်အလျောက် အခွင့်အရေး ရှိနေတုန်းပါ။ ဒါပေမဲ့ QPRက သူတို့ရဲ့ ရည်မှန်းချက်တွေကို ပြောပြသလို ကျွန်တော့်ကို အမှန်တကယ် စိတ်ဝင်စားခဲ့ပါတယ်။ ပြီးတော့ သိပ်ကောင်းတဲ့ ကမ်းလှမ်းမှု တစ်ခုလည်း လုပ်လာခဲ့တယ်" ဟု ပြောကြားခဲ့သည်။

ကျွန်တော့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ စပြောခဲ့တဲ့သူက ကျွန်တော်ပါ။ ကျွန်တော့်အတွက် QPRဆီက ကောင်းမွန်တဲ့ ကမ်းလှမ်းမှု တစ်ခု ရှိလာတယ်။ ဒါကြောင့် ကျွန်တော် အသင်းက ထွက်ပါရစေလို့ မန်ယူကို ခွင့်တောင်းခဲ့ပါတယ်...
ပါ့ခ်က ဆက်လက်၍ "ဒါကြောင့် ကျွန်တော် မန်ယူက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ QPRဟာ သူတို့ရဲ့ အနာဂတ် မျှော်မှန်းချက်တွေအကြောင်း အသေအချာ မပြောပြခဲ့ဘူးဆိုရင် ကျွန်တော် မန်ယူမှာ ဆက်နေဖြစ်မှာပါ"ဟုလည်း ဆိုသည်။ မန်ယူသည် (၂၀၀၅)ခုနှစ်က PSVအင်ဒိုဗန်တွင် ကစားနေသော ပါ့ခ်ကို ပေါင်စတာလင် (၄)သန်းဖြင့် ခေါ်ယူခဲ့သည်။ ၎င်းသည် အသင်း၏ ယုံကြည်မှုအတွက် ပရီးမီးယားလိဂ် ချန်ပီယံဆု (၄)ကြိမ်နှင့် ချန်ပီယံလိဂ် ဆုဖလား(၁)ကြိမ် ရယူပေးကာ ပြန်လည် ပေးဆပ်ခဲ့သည်။ ပါ့ခ်က "မန်ယူက စွန့်ခွာတယ် ဆိုတာဟာ ခြေလှမ်း ကျဲလွန်းတယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ ဒါဟာ ကျွန်တော့် ဘ၀အတွက် နောက်ထပ် စိန်ခေါ်မှုသစ် တစ်ခု စလာပြီဆိုတာ နားလည်ဖို့ အရေးကြီးပါတယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။
Ref: The Sun

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )