22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, July 11, 2012

စာချုပ်သစ်ကြောင့် မန်စီးတီးတွင် အခွင့်အာဏာ ပိုမိုကြီးမား လာသည့် မန်စီနီ

မန်ချက်စတာ စီးတီး အသင်းနှင့် သက်တမ်းတိုး စာချုပ် လိုက်ပြီးနောက် ရောဘတ်တို မန်စီနီ၏ ဩဇာသည် အစ်တီဟတ်တွင် ပိုမို ကြီးမား လာခဲ့ကြောင်း သိရှိရသည်။

မန်စီနီသည် စုစုပေါင်း တန်ကြေး ပေါင်စတာလင် (၃၇.၅)သန်းမျှ ရှိမည့် (၅)နှစ် သက်တမ်းတိုး စာချုပ် တစ်ရပ်ကို အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းနှင့် ချုပ်ဆိုခဲ့သည်။ အဆိုပါ စာချုပ်အတွက် မန်စီနီသည် အချိန် အတော်ကြာ ဆွေးနွေးခဲ့ပြီးနောက် အသင်းတွင် ၎င်း၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး မြှင့်တင် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ ယခုအခါ အီတလီသား မန်စီနီသည် ကစားသမား အပြောင်းအရွှေ့ ကိစ္စများတွင် ၎င်း၏ သဘောထားက ပိုမို အခရာ ကျလာအောင် စွမ်းဆောင်နိုင်ခဲ့သလို အသင်း၏ ဆေးဘက်ဆိုင်ရာ အဖွဲ့ကိုလည်း မိမိ စိတ်တိုင်းကျ ပြန်လည် ဖွဲ့စည်းနိုင်ရန် သဘော တူညီမှု ရရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
မန်စီးတီးတွင် ဩဇာ ပိုကြီးမားလာသည့် မန်စီတီ

မန်စီနီသည် ဆယ်စုနှစ်ပေါင်း များစွာအတွင်း မန်စီးတီးကို ပထမဆုံး အကြိမ် အမှတ်ပေး ချန်ပီယံဘွဲ့ ပြန်လည် ရရှိအောင် ဦးဆောင်မှု ပေးနိုင်ခဲ့သည့်နောက် အဘူဒါဘီ ကုဋေကြွယ်သူဌေး အသင်းပိုင်ရှင်များက ၎င်းကို သက်တမ်းတိုးစာချုပ် ချီးမြှင့်ခဲ့သည်။ မန်စီနီသည် ပြီးခဲ့သည့် ဘောလုံး ရာသီက ဆေးကုသပုံ အမှားအယွင်းကြောင့် အသင်း၏ ဂိုးသွင်းစက် ဆာဂျီယို အဂူရို တစ်ယောက် စတုတ်ခ်စီးတီး၊ ဆန်းဒါးလန်းတို့နှင့် ကစားသော ပွဲစဉ်များတွင် လွဲချော်ခဲ့ခြင်း အတွက် စိတ်ဆိုး ဒေါသ ထွက်ခဲ့ဖူးရာ လက်ရှိ ဆေးအဖွဲ့ကို အပြောင်းအလဲများ ပြုလုပ်ဖွယ် ရှိနေသည်။မန်စီနီသည် အနာဂတ်တွင် မန်စီးတီး အသင်း၏ ရာသီကြို အစီအစဉ်များ အတွက်လည်း စီမံကိုင်တွယ်ခွင့် ရလာဖွယ် ရှိနေသည်။ မန်စီနီသည် စာချုပ်သစ် ကိစ္စ ဆွေးနွေးနေမှုကြောင့် ကစားသမားသစ် ၀ယ်ယူရေးဘက်ကို ဦးမလှည့်နိုင်သေးသော်လည်း မကြာမီ ဈေးကွက်အတွင်း စတင် လှုပ်ရှားလာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
မန်စီနီသည် ကစားသမား အပြောင်းအရွှေ့ ကိစ္စများတွင် ၎င်း၏ သဘောထားက ပိုမို အခရာကျလာအောင် စွမ်းဆောင်နိုင်ခဲ့သလို အသင်း၏ ဆေးဘက်ဆိုင်ရာ အဖွဲ့ကိုလည်း မိမိစိတ်တိုင်းကျ ပြန်လည် ဖွဲ့စည်းနိုင်ရန် သဘောတူညီမှု ရရှိခဲ့..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )