လီဗာပူးလ် အသင်း မန်နေဂျာ ဘရန်ဒန် ရော့ဂျာသည် ဆဲလ်တစ် အသင်းမှ တောင်ကိုရီးယား ကွင်းလယ်လူ ကီဆောင်ယောင်းကို စိတ်ဝင်စားနေကြောင်း သိရှိရသည်။
အန်းဖီးလ်၏ လူစာရင်းကို အပြောင်းအလဲများ ပြုလုပ်ရန် ဆန္ဒရှိနေသော ရော့ဂျာသည် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် ကီကို ပေါင်စတာလင် (၇)သန်း ၀န်းကျင်ဖြင့် ကမ်းလှမ်း ခေါ်ယူနိုင်ရန် မျှော်လင့်နေသည်။ အသက်(၂၃)နှစ်ရှိ ကီကို လီဗာပူးလ်အပြင် QPR၊ ရုရှားကလပ် ရူဘင်ကာဇန်နှင့် စပိန်ကလပ် ဒီပို့တီဗို လာကရူးနားတို့ကလည်း စောင့်ကြည့်လျှက် ရှိသည်။ ထို့အပြင် ဂျာမန် ဘွန်းဒစ်လီဂါ ကလပ်အသင်း အတော်များများကလည်း ကီကို ချိတ်ဆက် စုံစမ်းနေကြောင်း သိရသည်။
ရော့ဂျာသည် အရည်အချင်း ပြည့်ဝသည့် ကွက်ပျောက် ကွင်းလယ် ကစားသမား အချို့ကို လိုက်လံစုံစမ်းနေပြီး ကီ၏ ဘောလုံးဖြန့်ဝေမှု စွမ်းရည်ကို နှစ်သက်နေခြင်း ဖြစ်သည်။ ရော့ဂျာသည် လီဗာပူးလ်ကို ကစားကွက် အသားပေး အသင်းတစ်ခုအဖြစ် အကောင်အထည်ဖော် တည်ထောင်ရန် ဆန္ဒရှိနေပြီး ကီကို အသင်းခေါင်းဆောင် စတီဗင်ဂျရတ်နှင့် တွဲဖက်ပေးသွားရန် ရည်ရွယ်ထားကြောင်း သတင်းများက ဆိုသည်။ QPRအသင်းကလည်း ကီကို ခေါ်ယူရန် စီမံကိန်းတစ်ခု ရှိနေကြောင်း အတည်ပြု ကြေညာထားပြီး ဖြစ်သည်။
QPR ဥက္ကဋ္ဌ တိုနီဖာနန်ဒက်ဇ်က "ကီဟာ သိပ်တော်တဲ့ ကစားသမား တစ်ယောက်ပါ။ သူ့ကို ကျွန်တော်တို့ အလေးအနက် စိတ်ဝင်စားပါတယ်။ သူဟာ ကျွန်တော်တို့ အချိန်တိုင်းလိုလို စောင့်ကြည့် လေ့လာနေရတဲ့ ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်" ဟု ပြောကြားသွားသည်။
အန်းဖီးလ်၏ လူစာရင်းကို အပြောင်းအလဲများ ပြုလုပ်ရန် ဆန္ဒရှိနေသော ရော့ဂျာသည် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် ကီကို ပေါင်စတာလင် (၇)သန်း ၀န်းကျင်ဖြင့် ကမ်းလှမ်း ခေါ်ယူနိုင်ရန် မျှော်လင့်နေ..
အန်းဖီးလ်၏ လူစာရင်းကို အပြောင်းအလဲများ ပြုလုပ်ရန် ဆန္ဒရှိနေသော ရော့ဂျာသည် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် ကီကို ပေါင်စတာလင် (၇)သန်း ၀န်းကျင်ဖြင့် ကမ်းလှမ်း ခေါ်ယူနိုင်ရန် မျှော်လင့်နေ..
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com