အာဆင်နယ် တိုက်စစ်မှူး မော်ရို ချာမက်ခ်ကို ခေါ်ယူရန် မိမိတို့ ကြိုးစားနေသည် ဆိုသော သတင်းများအား ဖီအိုရင်တီးနား အသင်းက ငြင်းဆန် ပယ်ချလိုက်သည်။
မော်ရိုကို လက်ရွေးစင် ချာမက်ခ်သည် ယခုနွေရာသီတွင် အာဆင်နယ်မှ ထွက်ခွာမည်ဟု သတင်းကြီးနေသည်။ ၎င်းသည် လွန်ခဲ့သော (၂)နှစ်က ဘော့စမန် စည်းမျဉ်းအရ ပြင်သစ်ကလပ် ဘောဒိုးစ်မှ အာဆင်နယ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း ချာမက်ခ်၏ အမ်းမရိတ်စ် ကစားသမား ဘ၀သည် မျှော်လင့်သလောက် မလှပခဲ့ဘဲ အရန်ခုံတွင်သာ အချိန်ကုန်နေရသည်။ အီတလီ စီးရီးအေကလပ် ဖီအိုရင်တီးနားသည် ချာမက်ခ်ကို ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများက ဖော်ပြနေသော်လည်း ယခုအခါ အသင်း၏ အားကစား ဒါရိုက်တာ ဒါနီလီ ပရာဒီက ငြင်းဆိုခဲ့သည်။
"ချာမက်ခ်ကို ခေါ်မယ်ဆိုတာ မဟုတ်ပါဘူး။ သူရဲ့ တစ်နှစ်လုပ်ခက ပေါင်စတာလင် (၂.၃)သန်း ရှိပါတယ်။ ဒီလောက် ငွေကြေးမျိုး ကျွန်တော်တို့ သုံးစွဲဖို့ အစီအစဉ် မရှိသေးဘူး" ဟု ပရာဒီက ဆိုသည်။ ပရာဒီက ချာမက်ခ်၏ မော်ရိုကို လက်ရွေးစင် အသင်းဖော် မော်နာ အယ်လ် ဟာဒူအီမှာမူ အေဂျက်စ် အမ်စတာဒမ် အသင်းမှ မိမိတို့ထံ လာရောက် ပူးပေါင်းမည်ဟု အတည်ပြုခဲ့သည်။ "ဟာဒူအီဟာ ကျွန်တော်တို့ နည်းပြ ဗင်ဆင်ဇို မွန်တဲလား သိပ်သဘောကျတဲ့ တိုက်စစ်မှူးမျိုးပါ။ သူနဲ့ ပူးပေါင်းခွင့် ရတာဟာ အသင်းအတွက် ကောင်းကျိုး ဖြစ်ထွန်းစေပါလိမ့်မယ်" ဟု ပရာဒီက ပြောကြားသွားသည်။
ချာမက်ခ်ကို ခေါ်မယ်ဆိုတာ မဟုတ်ပါဘူး။ သူရဲ့ တစ်နှစ်လုပ်ခက ပေါင်စတာလင် (၂.၃)သန်း ရှိပါတယ်။ ဒီလောက် ငွေကြေးမျိုး ကျွန်တော်တို့ သုံးစွဲဖို့ အစီအစဉ် မရှိသေးဘူး...
၎င်းက အာဆင်နယ် အပါအ၀င် အသင်းပေါင်း အတော်များများက စိတ်ဝင်စား နေသည့် တိုက်စစ်မှူး စတီဗန် ဂျိုဗီတစ်ကို ဈေးပေါပေါနှင့် ရောင်းမည် မဟုတ်ဟုလည်း အတည် ပြုခဲ့သည်။ "ဂျိုဗီတစ်ဟာ ထိပ်တန်းအဆင့် တိုက်စစ်မှူးမျိုးပါ။ ပေါင်စတာလင် (၂၃)သန်းအထက် ကမ်းလှမ်းမှုမျိုး မဟုတ်ရင် ကျွန်တော်တို့ မစဉ်းစားပါဘူး။ သူဟာ ဖရန်ဆက်စကို တော့တီလို အဆင့်မျိုး ရောက်လာမယ့် အလားအလာကောင်းတွေ ရှိနေသူ ဖြစ်ပါတယ်" ဟု ပရာဒီက မှတ်ချက်ပြု သွားခဲ့သည်။
Ref: The Sun

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com