လီဗာပူးလ် အသင်းသည် မိမိတို့၏ တိုက်စစ်မှူး ဖေဘီယို ဘော်ရီနီ အတွက် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း အီတလီ စီးရီးအေ ကလပ် ရိုးမားက အတည်ပြု ပြောဆိုလိုက်သည်။
ရိုးမား အသင်း၏ အားကစား ဒါရိုက်တာ ဝေါ်လ်တာ ဆီဘာတီနီက လီဗာပူးလ်အနေဖြင့် အီတလီ လက်ရွေးစင် ကစားသမား အပေါ် အလေးအနက် ချိတ်ဆက်လာကြောင်း ၀န်ခံသွားသည်။ ပါးမားမှ အငှား ခေါ်ယူပြီးမှ အပြီးသတ် စာချုပ် ချုပ်ဆိုဖြစ်ခဲ့သော ရှေ့တန်းလူကို လီဗာပူးလ်က ယူရို(၈)သန်းဖြင့် ၀ယ်ယူရန် ကြိုးစားနေသည်။ သတင်းများက ဘော်ရီနီသည် အန်းဖီးလ်၏ အနီရောင် ၀တ်စုံကို သေချာပေါက် ၀တ်ဆင်ဖြစ်လိမ့်မည်ဟု ဖော်ပြနေသော်လည်း ဆီဘာတီနီက ရိုးမားသည် ကစားသမား၏ အနာဂတ် အတွက် တိတိကျကျ မဆုံးဖြတ် ရသေးဟု ပြောဆိုခဲ့သည်။
ဆီဘာတီနီက "ကစားသမား အပေါ် သူတို့က တကယ့်ကို အလေးအနက် စိတ်ဝင်စားနေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ဘော်ရီနီအတွက် ကမ်းလှမ်းမှုကို အသင်း အထွေထွေ မန်နေဂျာ ဖရန်ကို ဘယ်လ်ဒီနီနဲ့ ပြန်ပြီး ညှိနှိုင်း ဆွေးနွေးပါဦးမယ်"ဟု သတင်းထောက် များအား ပြောဆိုသွားသည်။ ဆီဘာတီနီက ရိုးမား အနေဖြင့် စီးရီးအေ (၂၄)ပွဲတွင် (၉)ဂိုးသွင်းခဲ့သည့် ကစားသမားအား ရောင်းချဖြစ်ဖွယ် ရှိကြောင်းလည်း ၀န်ခံခဲ့သည်။ "ဒါဟာ ကျွန်တော်တို့ ရွေးချယ်စရာ အခွင့်အရေး တစ်ခုပါ။ ဒါပေမဲ့ ဘာတွေဖြစ်မယ် ဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့် ရပါဦးမယ်" ဟု ၎င်းက ပြောကြားသွားသည်။
ဘော်ရီနီသည် ဥရောပ ဖလား ပြိုင်ပွဲဝင် အီတလီ အသင်းတွင် ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းသည် လက်ရှိ လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာ ကိုင်တွယ်ဖူးသည့် ဆွမ်ဆီး အသင်းတွင် အငှား လာကစားကာ အောင်မြင်မှုများ ရရှိခဲ့ဖူးသည်။
ကစားသမား အပေါ် သူတို့က တကယ့်ကို အလေးအနက် စိတ်ဝင်စားနေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ဘော်ရီနီအတွက် ကမ်းလှမ်းမှုကို အသင်း အထွေထွေ မန်နေဂျာ ဖရန်ကို ဘယ်လ်ဒီနီနဲ့ ပြန်ပြီး ညှိနှိုင်း ဆွေးနွေးပါဦးမယ်...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com