22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 12, 2012

အသင်းမှ ကစားသမားများ မထွက်ခွာဟု အာမ မခံနိုင်ကြောင်း မီလန် ဒုဥက္ကဋ္ဌ ၀န်ခံ

အသင်းမှ အဓိက ကစားသမားများကို ရောင်းထုတ်ရန် လုံးဝ အစီအစဉ် မရှိသော်လည်း အပြောင်းအလဲ တစ်စုံတစ်ရာသည် အချိန်မရွေး ဖြစ်လာနိုင်ကြောင်း အေစီမီလန် ဒုတိယ ဥက္ကဋ္ဌ အက်ဒရီယာနို ဂယ်လီယာနီက ပြောကြားလိုက်သည်။

ဂယ်လီယာနီက မိမိတို့သည် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်နှင့် ဘရာဇီးလ် လက်ရွေးစင် ခံစစ်မှူး သီယာဂို ဆေးလ်ဗားတို့အား ရောင်းထုတ်သွားမည် မဟုတ်ဟု ဆိုသည်။ သို့သော်လည်း ဈေးကွက်အတွင်း မမျှော်လင့်ထားသည့် အရာများ အချိန်မရွေး ဖြစ်ပျက် လာနိုင်ကြောင်းမူ ဆက်လက် ပြောဆိုသွားသည်။ မန်ချက်စတာ စီးတီး အသင်းသည် အီဘရာဟီမိုဗစ်အား စိတ်ဝင်စားနေပြီး အသင်းမန်နေဂျာ ရောဘတ်တို မန်စီနီသည် အင်တာမီလန်တွင် အတူ လက်တွဲ ခဲ့ဖူးသည့် ရှေ့တန်းလူအား အလိုရှိနေသည်။

ဆေးလ်ဗားကိုမူ ဘာစီလိုနာနှင့် PSG အသင်းများက ချိတ်ဆက်လျှက် ရှိနေသည်။ မီလန်သည် အဆိုပါ ကစားသမား (၂)ဦးအား ဆက်ထိန်းထားရန် ကြိုးပမ်းနေသော်လည်း မမျှော်လင့်ဘဲ ရောင်းထုတ် လိုက်ရသည့် အခြေအနေမျိုးလည်း ဖြစ်လာနိုင်ကြောင်း ဂယ်လီယာနီက ဖွင့်ဟခဲ့သည်။ "ဩဂုတ်လ (၃၁)ရက်နေ့မှာ ကျွန်တော်တို့ဟာ အသင်း လူစာရင်းကို ထုတ်ပြန်ပါမယ်။ ကျွန်တော်တို့ရဲ့ စုဖွဲ့မှုဟာ အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အင်အားတစ်ရပ် ဖြစ်နေမှာ သေချာပါတယ်။ အဲဒီ လူစာရင်းမှာ အီဘရာဟီမိုဗစ်နဲ့ ဆေးလ်ဗားတို့ ပါမလား၊ မပါဘူးလားဆိုတာ ကျွန်တော် မပြောနိုင်ပါဘူး။ ကျွန်တော်တို့ အသင်းဟာ သူတို့ကို ရောင်းထုတ်ဖို့ စိတ်မကူးတာ အမှန်ပါ။ ဒါပေမဲ့ အပြောင်းအရွှေ့ ဈေးကွက်ဆိုတာ ကြိုတင် ခန့်မှန်းလို့ မရဘူးလေ။ဘာမဆို ဖြစ်သွားနိုင်တာကိုတော့ လက်ခံရပါမယ်"ဟုလည်း ဂယ်လီယာနီက ပြောကြားသွားသည်။

ကျွန်တော်တို့ရဲ့ စုဖွဲ့မှုဟာ အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အင်အားတစ်ရပ် ဖြစ်နေမှာ သေချာပါတယ်။ အဲဒီ လူစာရင်းမှာ အီဘရာဟီမိုဗစ်နဲ့ ဆေးလ်ဗားတို့ ပါမလား၊ မပါဘူးလားဆိုတာ ကျွန်တော် မပြောနိုင်ပါဘူး။ ကျွန်တော်တို့ အသင်းဟာ သူတို့ကို ရောင်းထုတ်ဖို့ စိတ်မကူးတာ အမှန်ပါ။ ဒါပေမဲ့ အပြောင်းအရွှေ့ ဈေးကွက်ဆိုတာ ကြိုတင် ခန့်မှန်းလို့ မရဘူးလေ..
၎င်းက "ဒီလို အတွေ့အကြုံမျိုးတွေ အတိတ်မှာလည်း ရှိခဲ့ပြီးပါပြီ။ ဒါကြောင့် ဒီရာသီမှာလည်း အဲဒီလိုတွေ ထပ်ဖြစ်လာရင် အထူးအဆန်းလို့ ကျွန်တော် မထင်တော့ပါဘူး"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။
Ref: Skysports
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )