ချယ်လ်ဆီး အသင်းသည် အင်တာ နေစီယွန်နယ်လ် ကွင်းလယ် ကစားသမားလေး အော်စကာကို အပြီးသတ် ခေါ်ယူနိုင်ရန် လုပ်ဆောင် ကြိုးစား နေဆဲဟု သိရှိရသည်။
ချယ်လ်ဆီးသည် လန်ဒန်ပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးကို အသာစီးယူကာ ဘရာဇီးလ် တက်သစ်စ လူငယ်ကြယ်ပွင့် ကစားသမားလေးအား ခေါ်ယူနိုင်ရန် နီးစပ်လျှက် ရှိသည်။ စပါးအသင်းသည် အော်စကာအတွက် ပေါင်စတာလင် (၁၅)သန်းဖြင့် ကမ်းလှမ်း ခဲ့သော်လည်း ချယ်လ်ဆီးက ပေါင်စတာလင် (၅)သန်း ဈေးပိုပေးကာ အော်စကာကို ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။ အော်စကာသည် ဘရာဇီးလ် ဘောလုံး လောကတွင် စောင့်အကြည့်ခံရဆုံး သွေးသစ်လူငယ် ကစားသမားလေး တစ်ဦးလည်း ဖြစ်သည်။
စပါးသည် ကွင်းလယ်လူ လူကာမိုဒရစ်ကို ရောင်းထုတ်ဖြစ်ပါက ၎င်းနေရာတွင် တိုက်ရိုက် အစားထိုးရန် အော်စကာကို ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အသင်းကို နုပျိုအောင် သွေးသစ်လောင်းနေသည့် ချယ်လ်ဆီးက ကြားဝင်လာကာ စပါးထက် ဈေးပိုပေးပြီး အော်စကာကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အနေအထားတွင် အပြောင်းအရွှေ့ ဆွေးနွေးမှုများ အောင်မြင် ပြီးပြတ်ခြင်း မရှိသေးသော်လည်း ဥရောပ ချန်ပီယံ အသင်းသည် အော်စကာကို ရရှိရန် အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်း သိရသည်။
ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို စပါးက ယှဉ်နိုင်စရာ မရှိပါဘူး။ ဒါက ရိုးရိုး ရှင်းရှင်းလေးပါ။ ပြောင်းရွှေ့ကြေးရော၊ လုပ်ခလစာပါ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုက ပိုကောင်းမွန်ပါတယ်..
"ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို စပါးက ယှဉ်နိုင်စရာ မရှိပါဘူး။ ဒါက ရိုးရိုး ရှင်းရှင်းလေးပါ။ ပြောင်းရွှေ့ကြေးရော၊ လုပ်ခလစာပါ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုက ပိုကောင်းမွန်ပါတယ်" ဟု ယခုဆွေးနွေးနေမှုနှင့် နီးစပ်သူ တစ်ဦးက Goal.comသို့ ပြောကြားသွားသည်။ အသက်(၂၀)အရွယ်ရှိ ကစားသမားကို အင်တာမီလန်ကလည်း စိတ်ဝင်စားခဲ့သေးသည့်တိုင် လက်တွေ့ကျကျ အားပြိုင်နိုင်သည်မှာ အင်္ဂလန်ကလပ် နှစ်ခုသာ ရှိနေကြောင်းလည်း အဆိုပါ အတွင်းလူက ဆက်လက် ပြောဆိုသွားခဲ့သည်။
Ref: Goal
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com