ဟူဂိုလောရစ်ကို တော့တင်ဟမ် ဟော့စပါး အသင်းက ခေါ်ယူရန် ကြိုးပမ်းနေမှုကို ကြိုဆို ထောက်ခံကြောင်း စပါးဂိုးသမား ဘရက်ဒ်ဖရီဒယ်လ်က ပြောကြားလိုက်သည်။
အကယ်၍ ပြင်သစ် လက်ရွေးစင် လောရစ်သာ ၀ှိုက်ဟတ်လိန်း ရောက်လာပါက မိမိအနေဖြင့် အရန်ခုံတန်းတွင်သာ နေရဖွယ် ရှိနေသော်လည်း ယင်းကိစ္စကို အလေး ထားနေမည် မဟုတ်ဟု အမေရိကန် ၀ါရင့် ဂိုးသမားကြီးက ဆိုသည်။ ဖရီဒယ်လ်သည် ယခုအခါ အသက်(၄၁)နှစ် ရှိနေပြီဖြစ်ရာ စပါးသည် ရေရှည်အတွက် အားကိုးအားထား ပြုနိုင်ရန် လောရစ်ကို ပေါင်စတာလင် (၁၃)သန်းဖြင့် ကမ်းလှမ်းထားသည်။ သို့သော်လည်း ပြင်သစ်ကလပ် အိုလံပစ် လိုင်ယွန်က ဥရောပ ဖလား ပြိုင်ပွဲဝင် ဂိုးသမား အတွက် ဈေးနှုန်းကို ပေါင်စတာလင် (၁၆)သန်း အလို ရှိနေသည်။

စပါးမှ ခေါ်ယူဖွယ် ရှိနေသည့် ဘရက်ဒ်ဖရီဒယ်လ်
ဖရီဒယ်လ်က "အသင်းရဲ့ အင်အား တောင့်တင်းမှု အတွက် လိုအပ်တဲ့ အားဖြည့်မှုတိုင်းကို ကြိုဆိုရမှာပါ။ ကျွန်တော် ဒီမှာ စာချုပ် လက်မှတ် ထိုးကတည်းက စပါးအတွက် ရေရှည် အားထားရမယ့် ဂိုးသမား တစ်ယောက် လိုနေပြီ ဆိုတာ သဘောပေါက်ပြီးသားပဲ။ ကျွန်တော့်အသက် (၄၁)နှစ် ရှိပြီ။ ဒီရာသီဟာ ကျွန်တော့် ကစားသမား ဘ၀မှာ နောက်ဆုံး ဖြစ်နိုင်ပါတယ်။ အသင်းက ကျွန်တော့်ကို ဘယ်လို တောင်းဆိုမလဲ။ ပထမဂိုးသမား နေရာဖြစ်ဖြစ်၊ အရန်ဖြစ်ဖြစ် ကျွန်တော်က အသင်းအတွက် လုပ်နိုင်စွမ်း ရှိသမျှ အားထုတ် ကြိုးစားသွားမှာပါ။ အသက်ကြီး လာလေလေ၊ ဘောလုံး ဆိုတာ အသင်းလိုက် အားကစား တစ်ခုဖြစ်ပြီး အောင်မြင်မှု အတွက် စုပေါင်း လုပ်ဆောင်ဖို့ လိုလေလေ ဆိုတာကို ကျွန်တော် ပိုသဘော ပေါက်လာတယ်" ဟု ပြောကြားသွားသည်။
အသင်းရဲ့ အင်အား တောင့်တင်းမှု အတွက် လိုအပ်တဲ့ အားဖြည့်မှုတိုင်းကို ကြိုဆိုရမှာပါ။ ကျွန်တော် ဒီမှာ စာချုပ် လက်မှတ်ထိုးကတည်းက စပါးအတွက် ရေရှည် အားထားရမယ့် ဂိုးသမားတစ်ယောက် လိုနေပြီဆိုတာ သဘောပေါက်ပြီးသားပဲ..
စပါးသည် ယခု နွေရာသီတွင် အေဂျက်စ် အမ်စတာဒမ်မှ ဂျန်ဗာတိုဂန်နှင့် ဟော်ဖန်ဟိုင်းမှ ဂိုင်ဖီလ်ဆီဂါ့ဒ်ဆန် တို့ကို ခေါ်ယူပြီးနောက် လောရစ်အတွက် ချိတ်ဆက် ကြိုးစားလာခြင်း ဖြစ်သည်။



11:41 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com