မြန်မာပြည်သူတရပ်လုံး ကမ္ဘာ့စံချိန်စံညွှန်းအတိုင်း ဈေးသက်သာစွာ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးဖို့အတွက် ပြုပြင်ပြောင်းလဲရေးစီမံချက်ကို စတင်ဆောင်ရွက်နေပြီလို့ ဆက်သွယ်ရေးစာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောပါတယ်။
ဇူလိုင် ၁၀ ရက်နေ့က ပြည်သူ့လွှတ်တော်ခန်းမမှာ ကိုယ်စားလှယ်တွေကို ပြောဆိုတာဖြစ်ပါတယ်။ ဒီစီမံချက်ကို လုပ်ဆောင်ရာမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့တို့နဲ့ နိုင်ငံတကာ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း အတွေ့အကြုံရှိတဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကို အင်တာနေရှင်နယ် တင်ဒါခေါ်ယူပြီး ဖက်စပ်ကုမ္ပဏီတွေ ဖွဲ့စည်းဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဝန်ကြီးက ပြောပါတယ်။
ဇူလိုင် ၁၀ ရက်နေ့က ပြည်သူ့လွှတ်တော်ခန်းမမှာ ကိုယ်စားလှယ်တွေကို ပြောဆိုတာဖြစ်ပါတယ်။ ဒီစီမံချက်ကို လုပ်ဆောင်ရာမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့တို့နဲ့ နိုင်ငံတကာ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း အတွေ့အကြုံရှိတဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကို အင်တာနေရှင်နယ် တင်ဒါခေါ်ယူပြီး ဖက်စပ်ကုမ္ပဏီတွေ ဖွဲ့စည်းဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဝန်ကြီးက ပြောပါတယ်။
အင်တာနေရှင်နယ် တင်ဒါခေါ်ရာမှာ အပြည်ပြည်ဆိုင်ရာ တင်ဒါ လုပ်ထုံးလုပ်နည်းများအတိုင်း ဖြစ်စေဖို့ နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း ဖြစ်စေဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် အတိုင်ပင်ခံ အဖွဲ့တဖွဲ့ လိုအပ်နေတယ်လို့ ဝန်ကြီးက ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၉ ရက်နေ့ကတော့ အတိုင်ပင်ခံအဖွဲ့ လုပ်ဆောင်လိုတဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေကို အဆိုပြုကြဖို့ ဖိတ်ခေါ်ထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။
ဆက်သွယ်ရေးဝန်ကြီးရဲ့ မြန်မာပြည်သူတွေ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးရေး စီမံချက်ဟာ ဒီနှစ်ဆန်းမှာ နာမည်သတင်းကြီးခဲ့တဲ့ ကျပ် ၅ ထောင်တန် တယ်လီဖုန်းဆင်းကတ် ထုတ်ဝေဖြန့်ချိနိုင်တယ်လို့ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတခုရဲ့ တောင်းဆိုချက်အပြီး အစိုးရဘက်က အကောင်အထည် ဖော်လာတာ ဖြစ်ပါတယ်။
ကျပ် ၅ သိန်းလောက် ဈေးပေါက်နေတဲ့ တယ်လီဖုန်း ဆင်းကတ်တခုကို ၅ ထောင်နဲ့ ရစေရမယ်ဆိုတဲ့ ပုဂ္ဂလိကကုမ္ပဏီတခုရဲ့ စိန်ခေါ်မှုဟာ အရင်အစိုးရတွေ လက်ထက် ဆက်သွယ်ရေးလုပ်ငန်းကို လူတွေက မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်၊
ဒီသတင်းစကားဟာ တိုင်းနဲ့ပြည်နယ်အနှံ့ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် မိန့်ခွန်းထဲမှာ ဆက်သွယ်ရေးကို ကုန်ကျစရိတ်သက်သာစွာနဲ့ အများပြည်သူသုံးစွဲနိုင်အောင် ဆောင်ရွက်ဖို့ ထည့်သွင်းညွှန်ကြားခဲ့ပြီးနောက် ဒီစီမံချက် ပေါ်ထွန်းလာတာဖြစ်ပါတယ်။
ဝန်ကြီးက ဒီစီမံချက်ကိုလုပ်ရာမှာ နိုင်ငံတကာအဖွဲ့အစည်း။ ကုမ္ပဏီတွေနဲ့ ထိတွေရမှာဖြစ်လို့ ဥပဒေတွေ၊ နည်းဥပဒေတွေ ပြည့်စုံခိုင်မာဖို့လိုတယ်လို့ ပြောဆိုပြီး အငြင်းပွားမှုတွေ ဥပဒေအရ ရင်ဆိုင်ရမှုတွေကတော့ ရှောင်လွှဲရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အိမ်နီးချင်းနိုင်ငံ တွေကို ဥပမာပေးပြီး နိုင်ငံခြားနဲ့ နိုင်ငံသား ပိုင်ဆိုင်မှု အချိုးမညီတာတွေ၊ နိုင်ငံပိုင် ဆက်သွယ်မှုကွန်ရက် မခိုင်မာခင် အော်ပရေတာတွေ အပြိုင်ပေးဆောင်ရွက်စေတဲ့အတွက် နိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်းတွေ ဈေးကွက်ရဲ့ ၁ ရာခိုင်နှုန်းလောက်သာရတာတွေ။ အော်ပရေတာတွေကို အပြိုင်ပေးလို့ ဈေးကွက်ရှိပြီး အမြန်ဝင်ငွေရစေမယ့် နေရာတွေမှာသာ ဦးစားပေးတာတွေကို ထောက်ပြပြောဆိုသွားပါတယ်။
မြန်မာပြည်မှာ တယ်လီဖုန်း ဆင်းကတ်တခုရဲ့ ဈေးဟာ စပေါ်ကာစက ကျပ်ငွေသိန်း ၂၀ ကျော်ရှိရာက လက်ရှိမှာ ကျပ် ၂ သိန်းပေါက်နေပြီး လာမယ့်လပိုင်းတွေကျရင် ထပ်ပြီးဈေးကျဦးမယ်လို့ သတင်းထွက်နေပါတယ်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com