မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်အပေါ် လွှတ်တော်နှစ်ရပ်က ဆုံးဖြတ်အတည်ပြုပြီးရင် အစိုးရ အနေနဲ့  လာမယ့် စက်တင်ဘာလဆန်းပိုင်းက စတင်ပြီး ဥပဒေသစ်အတိုင်း ကျင့်သုံးဆောင်ရွက်တော့မယ်လို့ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ ဖြိုးမှုဌာန ဒုတိယ ၀န်ကြီး ဦးကံဇော်က ပြောကြားလိုက်ပါတယ် ။
ဟောင်ကောင်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဒု-၀န်ကြီး ဦးကံဇော်က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးမြှင့်လာစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ပုံမှန်အားဖြင့် ဥပဒေသစ်တရပ်ကို အတည်ပြုဖို့  ၂ လခန့် အချိန်ယူတာမျိုး ရှိခဲ့ပေမဲ့  ဒီဥပဒေမူကြမ်းကိုတော့ အမျိုးသားလွှတ်တော်က ဆွေးနွေးအတည်ပြုပြီး နောက်တနေ့ ကစပြီး ဥပဒေ အသက်ဝင်မှာ ဖြစ်တယ်လို့  ဆိုပါတယ်။
ဒီရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်းကို အခု ကျင်းပနေတဲ့ ပထမအကြိမ် အမျိုးသား လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ် ။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com