မန်ချက်စတာ စီးတီးသည် ၎င်းတို့၏ အသင်းခေါင်းဆောင် ဗင်းဆင့် ကွမ်ပနီအား (၅)နှစ် သက်တမ်းရှိ စာချုပ်သစ် တစ်ရပ် ချုပ်ဆိုရန် သဘော တူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။
ဘယ်လ်ဂျီယံ လက်ရွေးစင် ကွမ်ပနီသည် ပြီးခဲ့သည့် ရာသီက မန်စီးတီး အသင်း ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးနိုင်အောင် အကောင်းဆုံး ဦးဆောင် နိုင်ခဲ့သည်။ မန်စီးတီးသည် ယခုအခါ ကွမ်ပနီအတွက် စုစုပေါင်း တန်ကြေး ပေါင်စတာလင် (၃၄)သန်းမျှ တန်ဖိုးရှိသည့် စာချုပ်သစ် တစ်ခုကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ယင်းစာချုပ် အရ ကွမ်ပနီသည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၃၀၀၀၀)ထိ ခံစားခွင့် ရှိမည်ဖြစ်သည်။ ကွမ်ပနီနှင့် အသင်းတို့ကြား ညှိနှိုင်းမှုများ အဆင်ပြေ ပြီးပြတ် ခဲ့သည့်နောက် လာမည့် ရက်အနည်းငယ် အတွင်း စာချုပ်ကို အတည်ပြု လက်မှတ် ရေးထိုးမည် ဖြစ်သည်။

စာချုပ်သစ် ချုပ်လိုက်သည့် အသင်းခေါင်းဆောင်
မန်စီးတီးသည် မေလကတည်းက ကွမ်ပနီအား စာချုပ်သစ် ချုပ်ဆိုရန် မေလကတည်းက ဆွေးနွေးခဲ့ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။ မန်စီးတီးသည် ရာသီကြို ခြေစမ်းခရီးစဉ် မထွက်ခွာမီ ကွမ်ပနီနှင့် စာချုပ်သစ် ကိစ္စ နှုတ်အားဖြင့် သဘော တူညီမှု ရရှိခဲ့ခြင်းဟု သိရှိရသည်။ ဟမ်းဘာ့ဂ်အသင်း ကစားသမားဟောင်း ကွမ်ပနီသည် အသက်(၂၆)နှစ် ရှိနေပြီ ဖြစ်ပြီး ယမန်နှစ် ဘောလုံး ရာသီက ၎င်း၏ ခံစစ် စွမ်းရည်နှင့် ခေါင်းဆောင်မှု စွမ်းရည်တို့ကို အကောင်းဆုံး ပြသ နိုင်ခဲ့သည်။ မန်စီးတီးသည် အဓိက ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားကို သက်တမ်းတိုး စာချုပ်နိုင်ရန်လည်း ဆွေးနွေး နေဆဲဟု သိရှိရသည်။
ကွမ်ပနီသည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၃၀၀၀၀)ထိ ခံစားခွင့် ရှိမည်ဖြစ်...



11:35 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com