ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး မင်္ဂလာပါ ဒီမိုကရေစီအမည်နဲ့ ရုပ်ရှင်ပွဲတော်ကို လာမဲ့လမှာ စတင် ကျင်းပမယ်လို့ သိရပါတယ်။

ဟာသသရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ ခေါ် ကိုသူရ။ (Photo: thisprisonwhereilive.co.uk)
လွတ်လပ်မှုကို ဖော်ကျူးတဲ့ ရုပ်ရှင်ဇာတ်ကားတို ပြိုင်ပွဲ ဒုတိယ အကြိမ်မြောက် အဖြစ် သြဂုတ်လ ၁၈ ရက်နေ့မှာ စတင်ပြီး ၃ လကြာ ကျင်းပသွားမှာ ဖြစ်ကြောင်း စီစဉ်သူ တစ်ဦးဖြစ်တဲ့ ဟာသ သရုပ်ဆောင် ကိုဇာဂနာက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် Art of Freedom လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်ထက် ထူးခြားစွာ ဓာတ်ပုံဆောင်းပါး ကဏ္ဍအပြင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ သီချင်းပြိုင်ပွဲလည်း ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီသီချင်းပြိုင်ပွဲကို ကျင်းပရတာကလည်း မြန်မာလူငယ်တွေ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရေးသား ဂုဏ်ပြုစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။ လူငယ်တွေအနေနဲ့ ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး ခေတ်ပေါ်ပုံစံနဲ့ရော မြန်မာသံစဉ်နဲ့ပါ သီဆိုခွင့်ရှိကြောင်း သိရပါတယ်။ ဆုရွေးချယ်ပွဲကို ဇန်န၀ါရီလ ၄ ၇က်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။



11:36 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com