22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, July 13, 2012

ဘင်္ဂါလီ ရိုဟင်ဂျာအရေး သမ္မတ တိုက်တွန်းချက် UNHCR မဟာမင်းကြီး ပယ်ချ

Photo: Myanmar President Office website
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း တရားမ၀င် ရောက်ရှိနေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က တာဝန်ယူ ဆောင်ရွက်ပေးဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ တိုက်တွန်းချက်ကို ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး Mr. Antonio Guterres က ပယ်ချလိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်က သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ Antonio Guterres နှင့် တွေ့ဆုံဆွေးနွေးနေစဉ်။
ပြီးခဲ့တဲ့ ဇူလိုင်လ (၁၁) ရက်နေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ UNHCR မဟာမင်းကြီး Mr. Guterres နဲ့အဖွဲ့ကို သမ္မတ ဦးသိန်းစိန်က လက်ခံတွေ့ဆုံခဲ့ရာမှာ လက်ရှိ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး အလေးအနက်ထား စဉ်းစားနေကြောင်း၊ မိမိတိုင်းရင်းသားများကို တာဝန်ယူမှာ ဖြစ်ပေမဲ့ ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေကို လက်ခံဖို့ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံး ဖြေရှင်းတဲ့ နည်းလမ်းအနေနဲ့ ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေကို UNHCR ကို အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိဖို့၊ UNHCR က ကျွေးမွေး စောင့်ရှောက်ပေးဖို့ ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမယ်ဆိုရင်လည်း ပို့ပေးမှာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က UNHCR မဟာမင်းကြီးကို ပြောဆိုခဲ့တယ်လို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ UNHCR မဟာမင်းကြီး Mr. Guterres က -
"ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက စီစဉ်ဆောင်ရွက်တဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်ဆိုတာက အလွန်ထူးခြားတဲ့ အခြေအနေကြောင့် တိုင်းပြည် တစ်ပြည်ကနေ တခြား တိုင်းပြည်ကို ထွက်ပြေးလာကြသူ ဒုက္ခသည်တွေ အတွက်ဖြစ်ပါတယ်။ မြန်မာပြည် ရိုဟင်ဂျာ ပြဿနာနဲ့ မသက်ဆိုင်ပါဘူး။ မိမိတို့UNHCR အနေနဲ့ ကတော့ ရခိုင်၊ ရိုဟင်ဂျာ မခွဲခြားဘဲ လူသားချင်း စာနာတဲ့ အကူအညီတွေကို ပံ့ပိုး ဆောင်ရွက်သွားဖို့ ဖြစ်ပြီး၊ မိမိတို့ရဲ့ ပြန်လည် နေရာချထားရေး အစီအစဉ်ဆိုတာက တကယ့် ဒုက္ခသည်တွေ အတွက်သာ ဖြစ်ပါတယ်"လို့ သူက သတင်းထောက်တွေကို ဖြေကြား
ခဲ့ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )