ဂျန်ဗာတိုဂန်နှင့် ဂိုင်ဖီလ် ဆီဂါ့ဒ်ဆန်တို့ နှစ်ဦးသည် ယခုအခါ တော့တင်ဟမ် ဟော့စပါးသို့ တရားဝင် ကစားသမားများ အဖြစ် ပြောင်းရွှေ့ ရောက်ရှိလာပြီ ဖြစ်သည်။
အသက်(၂၅)နှစ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင် ခံစစ်မှူး ဗာတိုဂန်သည် နယ်သာလန်ကလပ် အေဂျက်စ် အမ်စတာဒမ်မှ စပါးသို့ ပေါင်စတာလင် (၁၀)သန်း ၀န်းကျင်ဖြင့် ပြောင်းရွှေ့လာခြင်း ဖြစ်သည်။ အေဂျက်စ်ကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သော ဗာတိုဂန်သည် စပါးသို့ ပြောင်းရွှေ့ရေး ကိစ္စကို ကာလရှည်ကြာစွာ ညှိနှိုင်းပြီးမှ အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်သည်။ စပါးအသင်းက Twitterမှ တစ်ဆင့် "လနဲ့ချီ ကြာပြီးမှ ဗာတိုဂန်ကို ခေါ်ယူနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင် မိပါတယ်။ ဗာတိုဂန်ဟာ ဆေးစစ်ပြီးတဲ့နောက် အေဂျက်စ်ကနေ စပါးကို အပြီးသတ် ပြောင်းရွှေ့ လာပါပြီ" ဟု ဖော်ပြခဲ့သည်။
စပါးသည် ဗာတိုဂန် မတိုင်မီကလည်း အိုက်စ်လန် ကွင်းလယ် ဖန်တီးရှင် ဆီဂါ့ဒ်ဆန်ကို ဂျာမန်ကလပ် ဟော်ဖန်ဟိုင်းမှ အပြီးသတ် ၀ယ်ယူထားပြီး ဖြစ်သည်။ ပေါင်စတာလင် (၈)သန်း ၀န်းကျင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် စပါးသို့ ရောက်ရှိလာသည့် အသက်(၂၂)နှစ်အရွယ် ကွင်းလယ် တိုက်စစ်သမားသည် ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ် တန်းတက် ဆွမ်ဆီး အသင်းတွင် အငှား ကစားပြီး ခြေစွမ်း ပြနိုင်ခဲ့သည်။ ဗာတိုဂန်သည် စပါးမန်နေဂျာဟောင်း ဟယ်ရီရက်နပ် လက်ထက်ကတည်းက စပါးနှင့် ချိတ်ဆက်ခဲ့ပြီး မန်နေဂျာသစ် အန်ဒရီ ဗီးလက်စ် ဘိုအာ့စ် လက်ထက်မှ အတည်ပြု ပြောင်းရွှေ့နိုင်ခဲ့သည်။
လနဲ့ချီ ကြာပြီးမှ ဗာတိုဂန်ကို ခေါ်ယူနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ဗာတိုဂန်ဟာ ဆေးစစ်ပြီးတဲ့နောက် အေဂျက်စ်ကနေ စပါးကို အပြီးသတ် ပြောင်းရွှေ့ လာပါပြီ...
စပါးသည် လတ်တလောတွင် မန်ချက်စတာ စီးတီးမှ ပြီးခဲ့သည့်ရာသီ အငှားလာရောက် ကစားသူ တိုဂိုတိုက်စစ်မှူး အီမန်နျူရယ်လ် အဒီဘာယောကို အပြီးသတ် ၀ယ်ယူရန် ဆက်လက် ကြိုးပမ်းနေသည်။ စပါးသည် အဒီဘာယောကို တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)အထက် ပေးချေဖွယ် ရှိနေပြီး အာဆင်နယ်နှင့် မိုနာကို တိုက်စစ်မှူးဟောင်းသည် ၀ှိုက်ဟတ်လိန်း၏ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်လာနိုင်ကြောင်း သတင်းများက ဖော်ပြသွားသည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com