အာဆင်နယ် အသင်းသည် မိမိကို ခေါ်ယူရန် စိတ်ဝင်တစား လေ့လာနေကြောင်း အီဂျစ် လက်ရွေးစင် ခံစစ်မှူး မီလိုက ထုတ်ဖော် ပြောကြားလိုက်သည်။
အသက်(၂၁)နှစ် အရွယ် တောင်ပံ နောက်ခံ ကစားသမားက အာဆင်နယ်သည် ၎င်းကို လွန်ခဲ့သော (၃)နှစ်တာ ကာလများ အတွင်း လေ့လာ စောင့်ကြည့် ခဲ့ကြောင်းလည်း ဆိုသည်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ယခုနွေရာသီတွင်မူ မီလိုအား အတည်ပြု ကမ်းလှမ်းမှု တစ်ခု ပြုလုပ်သွားဖွယ် ရှိနေကြောင်းလည်း အီဂျစ် သတင်းများက သုံးသပ် ဖော်ပြခဲ့သည်။ ဘယ်ခြမ်း ခံစစ်တွင် အကောင်းဆုံး ကစားနိုင်သော မီလိုသည် အီဂျစ်ကလပ် ဟားစ်အယ်လ် ဟိုဒွတ်ကို စွန့်ခွာကာ ဥရောပ ထိပ်တန်း ဘောလုံးပြိုင်ပွဲ တစ်ခုတွင် ခြေချခွင့် ရရန် မျှော်လင့်လျှက် ရှိနေသည်။
မီလိုက "အာဆင်နယ်က တာဝန်ရှိသူတွေဟာ (၂၀၀၈)ခုနှစ်လောက် ကတည်းက ကျွန်တော့်ကို စောင့်ကြည့်နေခဲ့တယ် ဆိုတာ ကျွန်တော် သိပါတယ်။ (၂၀၀၈)ခုနှစ် တူလွန် ပြိုင်ပွဲမှာ သူတို့ ကျွန်တော့်ကို စပြီး သတိထားမိခဲ့ပုံပဲ။ (၂၀၁၂)ခုနှစ် တူလွန်ပြိုင်ပွဲ အပြီးမှာတော့ တော်တော်ကြီး သိသိသာသာကို စိတ်ဝင်စား လာပါတယ်။ ခုချိန်မှာ ကျွန်တော် မျှော်လင့် စောင့်စားနေတာက အာဆင်နယ်ဆီက တရားဝင် ပေးပို့လာမယ့် အဆိုပြုစာပါ" ဟု ပြောကြားသွားသည်။ တက်လမ်း ကောင်းမွန်သူ တစ်ဦးအဖြစ် သတ်မှတ် ခံရသော ကစားသမားက အိုလံပစ် ပြိုင်ပွဲ မပြီးမီထိ မည်သည့် အပြောင်းအရွှေ့ ဆုံးဖြတ်ချက်ကိုမျှ ချမှတ်မည် မဟုတ်ဟုလည်း ဆိုသည်။
(၂၀၁၂)ခုနှစ် တူလွန်ပြိုင်ပွဲ အပြီးမှာတော့ တော်တော်ကြီး သိသိသာသာကို စိတ်ဝင်စား လာပါတယ်။ ခုချိန်မှာ ကျွန်တော် မျှော်လင့် စောင့်စားနေတာက အာဆင်နယ်ဆီက တရားဝင် ပေးပို့လာမယ့် အဆိုပြုစာပါ...
"အိုလံပစ် အတွက် အသင်းကနေ ထွက်မသွားခင် ဟားစ်အယ်လ် ဟိုဒွတ် အသင်းက တာဝန်ရှိသူတွေနဲ့ ကျွန်တော် တွေ့ဆုံသွားပါမယ်။ လန်ဒန် အိုလံပစ်မှာလည်း အာဆင်နယ် ကင်းထောက်တွေက ကျွန်တော့်ကို အနီးကပ် လေ့လာမယ် ဆိုတာ ကျွန်တော် ယုံကြည်ပြီးသားပါ။ ဒီအိုလံပစ် ပြိုင်ပွဲ အပြီးမှာ ကျွန်တော် နောက်ထပ် ခြေလှမ်းသစ် တစ်ခုကို စတင်နိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ ဥရောပ ကလပ်တစ်ခုခုမှာ လာကစား ရတာမျိုးပေါ့" ဟု မီလိုက ပြောကြားသွားသည်။
Ref: A Different League
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com