တော့တင်ဟမ် ဟော့စပါး ကွင်းလယ်လူ လူကာမိုဒရစ်ကို ခေါ်ယူရေး အတွက် ရီးယဲလ်မက်ဒရစ်ကို ၀င်ရောက် ယှဉ်ပြိုင်ရန် ပြင်သစ်ကလပ် PSG က အသင့် ရှိနေပြီဟု သိရှိရသည်။
ပဲရစ်မြို့တော် အခြေစိုက် ကလပ်အသင်းကြီး၏ နည်းပြဖြစ်သူ ကာလို အန်ဆလော့တီသည် အသက်(၂၆)နှစ်ရှိ ခရိုအေးရှား လက်ရွေးစင်အား အနီးကပ် စောင့်ကြည့် လေ့လာလျှက် ရှိသည်။ ရီးယဲလ်သည် မိုဒရစ်ကို စိတ်ဝင်စားမှု ရှိနေသော်လည်း ကစားသမားအတွက် ပေါင်စတာလင် (၃၅)သန်း တောင်းဆိုနေသည့် စပါးအသင်း၏ ဆန္ဒကို လိုက်လျောရန် တွန့်ဆုတ်နေသည်။ ထိုအချိန်တွင် ကာတာဘီလျံနာ သူဌေးများ၏ ကျောထောက်နောက်ခံ ဓနအင်အားဖြင့် ကစားသမားကောင်းများ ၀ယ်ယူဖြည့်ဆည်းနေသည့် PSGကပါ မိုဒရစ်အား ရရှိရန် ကြိုးစားလာခဲ့သည်။
အစောပိုင်းက မန်ချက်စတာ ယူနိုက်တက် အသင်းသည်လည်း မိုဒရစ်ကို ချိတ်ဆက်ခဲ့သေးသည့်တိုင် နောက်ပိုင်းတွင် ဘရာဇီးလ်လူငယ် လူးကက်စ် မိုရာထံသို့ အာရုံပြောင်းသွားခဲ့သည်။ PSGသည် ဓနအင်အားပိုင်းတွင် ရီးယဲလ်ကို ပခုံးချင်း ယှဉ်နိုင်သည့် ဥရောပကလပ် လက်တစ်ဆုပ်စာအနက် ပါဝင်နေရာ မိုဒရစ် အတွက် အမှန်တကယ် ကြားဝင်လာပါက စပိန်ထိပ်သီး အသင်းအတွက် ဖိအားတစ်ရပ် ဖြစ်လာနိုင်သည်။ PSGသည် အေစီမီလန်မှ ဇလာတန် အီဘရာဟီမိုဗစ်နှင့် သီယာဂို ဆေးလ်ဗားတို့ နှစ်ဦးကို ခေါ်ယူရန် သဘော တူညီမှု ရရှိထားကြောင်း သတင်းများ ထွက်ပေါ်နေသလို နာပိုလီ တိုက်စစ်မှူး အက်ဇ်ကွီရယ်လ် လာဗက်ဇီကိုလည်း စာချုပ်နိုင်ခဲ့ပြီး ဖြစ်သည်။
PSGသည် ဓနအင်အားပိုင်းတွင် ရီးယဲလ်ကို ပခုံးချင်း ယှဉ်နိုင်သည့် ဥရောပကလပ် လက်တစ်ဆုပ်စာအနက် ပါဝင်နေရာ မိုဒရစ် အတွက် အမှန်တကယ် ကြားဝင်လာပါက စပိန်ထိပ်သီး အသင်းအတွက် ဖိအားတစ်ရပ် ဖြစ်လာနိုင်...

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com