လီဗာပူးလ် အသင်းသည် လာမည့် (၄၈)နာရီအတွင်း မန်နေဂျာ ဘရန်ဒန်ရော့ဂျာ လက်ထက် ပထမဆုံး လူသစ် ဖြည့်တင်းမှု အဖြစ် တိုက်စစ်မှူး ဖေဘီယို ဘော်ရီနီကို ခေါ်ယူသွားမည် ဖြစ်သည်။
အသက်(၂၁)နှစ် အရွယ်သာ ရှိသေးသော အီတလီ လက်ရွေးစင်အား ပေါင်စတာလင် (၁၂)သန်းဖြင့် ခေါ်ယူရန် လီဗာပူးလ်အသင်းနှင့် ရိုးမား အသင်းတို့ကြား ညှိနှိုင်းဆွေးနွေးမှု အဆင်ပြေ ပြီးမြောက်သွားပြီဟု သတင်းများက ဖော်ပြခဲ့သည်။ လီဗာပူးလ် မန်နေဂျာသစ် ရော့ဂျာသည် ချယ်လ်ဆီး လူငယ် အသင်းနှင့် ဆွမ်ဆီးတို့တွင် လက်တွဲဖူးသည့် လူငယ် တိုက်စစ် ကစားသမားအား အလေးအနက် ချိတ်ဆက် ခဲ့ပြီးနောက် ရိုးမား အသင်းက လက်လွှတ်ခံရန် ဆုံးဖြတ်ခဲ့သည်။ ရိုးမားသည် ဘော်ရီနီကို ပါးမားနှင့် စပ်တူ ပိုင်ဆိုင်မှုမှ အပြီးသတ် ၀ယ်ယူ ထားသည်မှာ မကြာလှသေးချေ။
ရော့ဂျာသည် ချယ်လ်ဆီး လူငယ် အသင်းကို နည်းပြပေးစဉ်က ဘော်ရီနီနှင့် စတင် သိကျွမ်းခဲ့သလို ဆွမ်ဆီး မန်နေဂျာ ဘ၀တွင်လည်း အငှားထပ်မံ ခေါ်ယူဖူးသည်။ ထိုစဉ်က ဆွမ်ဆီးအသင်း ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်ရေး အတွက် ဘော်ရီနီက အဓိက ဦးဆောင် ခြေစွမ်းပြခဲ့သည်။ ယခုအခါ လီဗာပူးလ်သည် ဘော်ရီနီကို စာချုပ်ရန် နီးစပ်နေသည့်နောက် အသင်းမှ တိုက်စစ်မှူး အန်ဒီကာရိုးလ်၏ အနာဂတ်မှာ မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့သည်။ ရော့ဂျာသည် ကာရိုးလ်အား အငှားချဖွယ် ရှိကြောင်း အရိပ်အမြွက် ပြောဆိုဖူးကာ ၎င်းကို ၀က်စ်ဟမ်း ယူနိုက်တက်၊ နယူးကာဆယ်လ် ယူနိုက်တက်နှင့် အေစီမီလန် အသင်းများက စိတ်ဝင်စားလျှက် ရှိသည်။
အသက်(၂၁)နှစ် အရွယ်သာ ရှိသေးသော အီတလီ လက်ရွေးစင်အား ပေါင်စတာလင် (၁၂)သန်းဖြင့် ခေါ်ယူရန် လီဗာပူးလ်အသင်းနှင့် ရိုးမားအသင်းတို့ကြား ညှိနှိုင်းဆွေးနွေးမှု အဆင်ပြေ ပြီးမြောက်သွားပြီဟု သတင်းများက ဖော်ပြ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com