22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, July 13, 2012

ရှော်လ်ကေး လူငယ် ကစားသမား နှစ်ဦးကို ခေါ်ယူရန် စိတ်ကူးနေသည့် လီဗာပူးလ်

လီဗာပူးလ် အသင်းသည် ဂျာမန်ကလပ် အသင်း ရှော်လ်ကေးထံမှ လူငယ် ကစားသမား နှစ်ဦးကို တစ်ပြိုင်တည်း ကမ်းလှမ်းမှု ပြုလုပ်ရန် စဉ်းစားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။


လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာသည် အသင်းအတွက် ၎င်းပထမဆုံး စာချုပ် ခေါ်ယူမည့် ကစားသမားများ အဖြစ် ဂျာမန် လက်ရွေးစင် လူငယ် နှစ်ဦးအား ချိန်ရွယ်နေကြောင်း သိရှိရသည်။ အသက်(၂၁)နှစ်ရှိ ကွင်းလယ်လူ လူးဝစ် ဟော့လ်ဘီမှာ လီဗာပူးလ်၏ မြို့ခံပြိုင်ဘက် အဲဗာတန် အသင်းအတွက် တစ်နေ့နေ့၊ တစ်ချိန်ချိန်တွင် ကစားပေးလိုကြောင်း လူသိရှင်ကြား ပြောဆိုခဲ့ဖူးသည်။ သို့သော်လည်း ဂျာမန်-အင်္ဂလိပ် ကစားသမား ဟော့လ်ဘီအား ရော့ဂျာက ၎င်း၏ ကွင်းလယ်အင်အား ဖြည့်တင်းရေး စီမံကိန်းအတွက် စာရင်း တို့ထားပြီး ဖြစ်သည်။



ရော့ဂျာသည် အသင်းဟောင်း ဆွမ်ဆီးမှ ဂျိုးအလန်ကိုလည်း အလို ရှိနေသည့်တိုင် ဆွမ်ဆီးက ပြတ်ပြတ်သားသား ငြင်းဆို ထားသည့်နောက် ဟော့လ်ဘီဘက် ပိုမို အာရုံ စိုက်လာခဲ့သည်။ ရော့ဂျာသည် ရှော်လ်ကေးမှ အသက်(၁၈)နှစ်သာ ရှိသေးသော တိုက်စစ်မှူးလေး ဂျူလီယန် ဒက်စ်လာကိုလည်း ဟော့လ်ဘီနှင့်အတူ ပူးပေါင်းရန် ဆန္ဒ ရှိနေသည်။ ရော့ဂျာသည် အန်းဖီးလ်တွင် ငယ်ရွယ် နုပျိုသော အင်အားစု တစ်ခုကို စုစည်း တည်ထောင်ရန် အလို ရှိနေရာ ဟော့လ်ဘီနှင့် ဒက်စ်လာတို့သည် အံဝင်ခွင်ကျ အနေအထားမျိုး ဖြစ်နေကြောင်း သတင်းများက သုံးသပ် ရေးသားခဲ့သည်။

သို့သော်လည်း ဂျာမန်-အင်္ဂလိပ် ကစားသမား ဟော့လ်ဘီအား ရော့ဂျာက ၎င်း၏ ကွင်းလယ်အင်အား ဖြည့်တင်းရေး စီမံကိန်းအတွက် စာရင်း တို့ထား...
လီဗာပူးသည် အေစီမီလန်တွင် အငှား သွားကစားပြီး ပြန်ရောက်လာသည့် ကွင်းလယ်လူ အယ်လ်ဘာတို အကွီလာနီ၏ အနာဂတ်ကိုလည်း တိတိကျကျ မဆုံးဖြတ် ရသေးချေ။ ထို့အပြင် လီဗာပူးလ် တိုက်စစ်မှူး အန်ဒီကာရိုးလ်ကိုလည်း နယူးကာဆယ်လ် ယူနိုက်တက်၊ အေစီမီလန်နှင့် ၀က်စ်ဟမ်း ယူနိုက်တက် အသင်းများက အပြိုင်အဆိုင် စိတ်ဝင်စားနေဆဲ ဖြစ်သည်။
Ref: Goal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )