ဘိုင်ယန်မြူးနစ် အသင်းမှ ထွက်ခွာဖွယ် ရှိနေကြောင်း ခန့်မှန်း သတင်းများကို တိုက်စစ်မှူး သောမတ်စ် မူလာက ငြင်းဆန် ပယ်ချလိုက်သည်။
အသက်(၂၂)နှစ်ရှိ ဂျာမန် လက်ရွေးစင် ကစားသမားက ၎င်းသည် အေလီယန့်ဇ် အားကစား ကွင်းကြီးမှ စွန့်ခွာရန် တွေးတောနေခြင်း မရှိဟု ဆိုသည်။ ဘိုင်ယန် အသင်း၏ စွယ်စုံရ ကစားသမားသည် ဘိုင်ယန်တွင် အဓိက ပွဲစဉ်များ၌ တိုနီကရူးစ်နှင့် နေရာလု ယှဉ်ပြိုင် နေရခြင်းကို စိတ်ပျက်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အထူးသဖြင့် ပြီးခဲ့သည့် ဘောလုံးရာသီ ဥရောပ ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်နှင့် ရင်ဆိုင် ကစားသည့် နှစ်ကျော့လုံး မူလာမှာ ပွဲထွက်ခွင့် မရခဲ့ချေ။ မည်သို့ပင် ဖြစ်စေ မိမိသည် ဘိုင်ယန်ကိုသာ ခင်တွယ် နေဆဲဟု (၂၀၁၀)ပြည့်နှစ်၊ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုရှင်က ဖွင့်ဟခဲ့သည်။
"ဘိုင်ယန်ဟာ ကျွန်တော့် ကလပ် အသင်းပါပဲ။ ဒါကို လူတိုင်း သဘောပေါက်ပါတယ်" ဟု မူလာက Bildသို့ ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "ကျွန်တော်ဟာ ကိုယ့်စာချုပ်ကို မလေးစားတဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ လက်ရှိ အနေအထား တချို့က ကျွန်တော့်အတွက် ကျေနပ်စရာ မဟုတ်တာ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော် ဘိုင်ယန်ကို စွန့်ခွာဖို့ စိတ်ကူး လုံးဝ မရှိတာတော့ အသေအချာ ပြောနိုင်ပါတယ်" ဟုလည်း ပြောဆိုသွားသည်။ မူလာသည် ဘိုင်ယန်သို့ အသက်(၁၀)နှစ်အရွယ် (၂၀၀၀)ပြည့်နှစ်က စတင် ရောက်ရှိခဲ့သည်။ ၎င်းသည် ဘိုင်ယန်နှင့် အတူ လွန်ခဲ့သည့် (၄)နှစ်က ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ စတင်ခဲ့ပြီးနောက် ပြိုင်ပွဲအဆင့် ပွဲပေါင်း(၁၉၀)ကျော် ပါဝင် ကစားပေးထားသည်။
ကျွန်တော်ဟာ ကိုယ့်စာချုပ်ကို မလေးစားတဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ လက်ရှိ အနေအထား တချို့က ကျွန်တော့်အတွက် ကျေနပ်စရာ မဟုတ်တာ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော် ဘိုင်ယန်ကို စွန့်ခွာဖို့ စိတ်ကူး လုံးဝ မရှိတာတော့ အသေအချာ ပြောနိုင်ပါတယ်...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com