အိုလီဗီရာ ဂီရော့ဒ်ကို ခေါ်ယူမှုသည် ရော်ဘင် ဗန်ပါစီ အသင်းမှ ထွက်ခွာနိုင်သည့် အခြေအနေ အတွက် ကြိုတင် စီစဉ်မှု တစ်ခုအဖြစ် အာဆင်နယ် အသင်း လူသစ် ရှာဖွေရေး ကင်းထောက် အရာရှိ ဖြစ်သူက ၀န်ခံ ပြောဆိုလိုက်သည်။
မွန့်ပယ်လီယေး အသင်း ပြင်သစ် ချန်ပီယံဘွဲ့ ဆွတ်ခူးရရှိရာတွင် ခြေစွမ်းပြခဲ့သော ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးသည် ယခုနွေရာသီတွင် အာဆင်နယ်သို့ ပေါင်စတာလင် (၁၂)သန်းဖြင့် ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သည်။ အာဆင်နယ်သည် ယမန်နှစ်က ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင် ဖြစ်ခဲ့သော အသင်းခေါင်းဆောင် ဗန်ပါစီကို စာချုပ်သက်တမ်း တိုးနိုင်ရန်လည်း ကြိုးစားနေဆဲ ဖြစ်သည်။ နယ်သာလန် လက်ရွေးစင် ဂိုးသွင်း စက်သည် အာဆင်နယ်နှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး အသင်း၏ သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ပယ်ချထားသည်။
အာဆင်နယ်တွင် ကစားသမား အဖြစ်လည်း ပါဝင်ခဲ့ဖူးပြီး လက်ရှိတွင် အသင်း၏ ကင်းထောက် အရာရှိ တာဝန်ကို ရယူထားသည့် ဂီးလ် ဂရီမန်ဒီက "ဂီရော့ဒ်ကို စာချုပ် ခေါ်ယူ လိုက်တာဟာ ဗန်ပါစီ အသင်းက ထွက်ခွာနိုင်တဲ့ ကိစ္စနဲ့ ဆိုင်မလားဆိုတဲ့ မေးခွန်းကို ဟုတ်တယ်လို့ ဖြေရပါမယ်။ ကျွန်တော်တို့ဟာ စိုးရိမ်ကြောင့်ကြရမယ့် အခြေအနေ တစ်ခုကို ကြိုပြီး ရှောင်လွှဲ ချင်ခဲ့တာပါ" ဟု ပြောကြားခဲ့သည်။ အာဆင်နယ်အတွက် (၁၁၃)ပွဲ ကစားပေးဖူးသူ ဂရီမန်ဒီက "ကျွန်တော်တို့က ဗန်ပါစီကို အသင်းမှာ ဆက်နေချင်ပါတယ်။ ဒါပေမဲ့ သူက အသင်းနဲ့ သက်တမ်း (၁)နှစ်ပဲ ကျန်တဲ့ အချိန်မှာ လမ်းခွဲချင်တော့ အခြေအနေတွေက ရှုပ်ထွေးလာခဲ့တယ်" ဟုလည်း ဖွင့်ဟခဲ့သည်။
ဂီရော့ဒ်ကို စာချုပ် ခေါ်ယူလိုက်တာဟာ ဗန်ပါစီ အသင်းက ထွက်ခွာနိုင်တဲ့ ကိစ္စနဲ့ ဆိုင်မလားဆိုတဲ့ မေးခွန်းကို ဟုတ်တယ်လို့ ဖြေရပါမယ်။ ကျွန်တော်တို့ဟာ စိုးရိမ်ကြောင့်ကြရမယ့် အခြေအနေ တစ်ခုကို ကြိုပြီး ရှောင်လွှဲချင်ခဲ့တာပါ...
၎င်းက ဆက်လက်၍ "ဗန်ပါစီကလည်း အသင်းက ထွက်ချင်တယ်။ ကောင်းမွန်တဲ့ ကမ်းလှမ်းမှု တစ်ခုခုလည်း ရှိလာမယ်ဆိုရင် အာဆင်နယ်မှာ သူဆက် ကစားဖို့ ခက်ခဲ သွားပါပြီ။ အေစီမီလန်မှာ သီယာဂိုဆေးလ်ဗား ဘယ်တော့မှ အသင်းက မထွက်ဘူးလို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါပေမဲ့ အချိန်တစ်ခုခုမှာတော့ အပြောင်းအလဲဆိုတာ ရှိတတ်တာပဲ မဟုတ်လား" ဟုလည်း ထောက်ပြသွားသည်။ မီလန် အသင်းသည် ဘရာဇီးလ် ခံစစ်မှူး ဆေးလ်ဗားနှင့် အသင်းဖော် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်တို့ကို PSGသို့ ပေါင်စတာလင် (၅၁)သန်းဖြင့် ရောင်းချရန် သဘော တူညီခဲ့သည်။
Ref: The Sun
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com