22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 18, 2012

BBC, VOA, RFA, DVB အသံလွှင့်ဌာနများတွင် တာဝန်ထမ်းဆောင်နေကြသော တိုင်းရင်းသား မြန်မာနိုင်ငံသားများသို့ ပန်ကြားချက်

                 
BBC, VOA, RFA, DVB အသံလွှင့်ဌာနများတွင် တာဝန်ထမ်းဆောင်နေကြသော တိုင်းရင်းသား
မြန်မာနိုင်ငံသားများသို့ ပန်ကြားချက်
(ပေးစာ)







ရက်စွဲ။  ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ( ၁၇ )ရက်

သို့



BBC, VOA, RFA, DVB အသံလွှင့်ဌာနများတွင် တာဝန်ထမ်းဆောင်နေကြသော တိုင်းရင်းသား မြန်မာနိုင်ငံသားများသို့ ပန်ကြားချက်



၁။        ကျွန်တော်သည် လူကြီးမင်းတို့၏ မနက်တိုင်း၊ ညနေတိုင်း ထုတ်လွှင့်သည့် ပြည်ပ မြန်မာ့အသံများကို အမြဲ နားထောင်နေသူ တစ်ဦးဖြစ်ပါသည်။



၂။        ကျွန်တော်သည် ညနေတိုင်း၊ မနက်တိုင်း ဆရာတို့၏ အသံလွှင့်ချက်များအား နားမထောင်ရလျှင် တစ်ခုခု လိုနေသကဲ့သို့ ခံစားရပါသည်။ သို့ရာတွင် ဆရာတို့ အသံလွှင့်ချက်များတွင် ယခုတလော ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် ပတ်သက်၍ ကျွန်တော်တို့ ယခင်ကမကြားဖူးခဲ့သော လူမျိုး တစ်မျိုးအမည်ကို အကြိမ် ပေါင်းများစွာ မြိန်ရေရှက်ရေ ထုတ်လွှင့်နေကြသည်ကို ကြားနေရပါသည်။

ယင်းအမည်ကို လူကြီးမင်းတို့ သုံးစွဲနေသည်မှာ အင်မတန်ကောင်းသော နာမည်ဟုထင်၍ပဲလား၊ နားထောင်၍ ကောင်း၍ပဲလား၊ ခံတွင်းအရသာရှိ၍ပဲလား၊ ယင်းနာမည် သုံးပါက ပျော်ရွှင်မှုရ၍ပဲလား၊ မြန်မာတိုင်းရင်းသားများ၏ စိတ်ကို ကသိကအောင့် ဖြစ်စေလို၍ပဲလား၊ လူအများက ယင်းအမည်ကို ပြောစေချင်၍ပဲလား၊ နားထဲစိမ့်ဝင်ပြီး မပျောက်စေချင်၍လား၊ ယင်းအမည်ကို သုံးကာ အစ္စလာမ်နိုင်ငံများ ထံမှ ထောက်ခံမှု ရလို၍ပဲလား၊ အစ္စလာမ်နိုင်ငံများကို ဖားသည့် သဘောလား၊ သို့မဟုတ် ကြောက်၍ပဲလား၊ သို့မဟုတ် ယင်းအမည် မသုံးပါက တစ်ခုခုလုပ်မည်ဟု ခြိမ်းခြောက်ခံရ၍လား၊ ရန်ပုံငွေအဖြတ်အတောက်ခံရနိုင်၍လား၊ သို့မဟုတ် ဘင်္ဂါလီတို့အား မြှောက်ပေးနေတာလား၊ အဓိကရုဏ်းတစ်ခု ထပ်မံဖြစ်ပွားသည်ကို မြင်လို၍ပဲလား၊ အသစ်ထွင်နာမည်တွင် ကိုယ်တိုင်ပါဝင်လို၍ပဲလား၊ ကျွန်တော်အမျိုးမျိုး စဉ်းစားနေပါသည်။ လူကြီးမင်းများမှာ အင်မတန် တော်၊ အင်မတန် အရည်အချင်းရှိသူများဖြစ်ကြောင်း ကျွန်တော်လုံးဝ သဘောပေါက်ပါသည်။ အားလဲကိုးပါသည်။


ဆရာတို့လောက် မတော်၍ ကျွန်တော်တို့အား နှိမ်ချင်တာဟုလည်း ခံစားမိပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း လူမျိုးသစ် အမည်တစ်ခုထပ်တိုးလာသည်ကို ကျွန်တော်အပါအဝင် မြန်မာနိုင်ငံသားမှန်သမျှလိုလားမည် မထင်ပါ။



၃။        မည်သည့် သမိုင်းမှတ်တမ်းမှ မရှိဘဲ လူမျိုးတစ်မျိုးကို အသစ်ထွင်၍ ရပါသလား၊ ဆရာတို့လည်း သမိုင်းကြောင်းကို လေ့လာထားပြီးသား ဖြစ်ပါလိမ့်မည်။ တမင်သိလျက်နှင့် လုပ်ခြင်းဟု ခံစားရပါသည်။ လုပ်ဇာတ်ခင်းပြီး ပေးထားသော အမည်ကို အားရဝမ်းသာခေါ်စရာမရှိဟု ထင်ပါသည်။ ခေါ်မည့်သူမရှိက ယင်းအမည်ပျောက်သွားဖို့ ရှိပါသည်။ ဆရာတို့က သူခိုးအားပေးအားမြှောက်လုပ်နေတော့ - ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်းရင်းသားများကို စော်ကားနေသလို ခံစားမိပါသည်။ အမျိုးသားရေးကိစ္စနှင့် လူ့အခွင့်အရေးကို သီးခြား စဉ်းစားကြရအောင်ပါ။ မည်သူ့ကိုမှ ထိခိုက်နစ်နာစေလို၍လည်း မဟုတ်ပါ။



၎။        နိုင်ငံတော်အကြီးအကဲများကိုယ်တိုင်က အဲဒီအမည် ကျွန်တော်တို့နိုင်ငံမှာ မရှိပါဟု အကြိမ်ကြိမ်ပြောထားပြီး ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ၏ ပြည်သူများအပေါ် စိတ်စေတနာသန့်သန့်ဖြင့် ဦးဆောင်နေသူများ၏ စကားကို အလေးထားစေချင်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား လူမျိုး(၈)မျိုးနှင့် ယင်းနှင့်ဆက်နွယ်သော လူမျိုးစုများသာရှိသည်ကို ဆရာတို့အားလုံး အသိဖြစ်ပါသည်။



၅။        မည်သို့ပင်ဆိုစေ၊ ဆရာတို့လည်း မိမိတို့ စားဝတ်နေရေးအတွက် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ် ကိုင်ကြရသူများ မြန်မာပြည်ဖွား၊ သို့မဟုတ် မြန်မာတိုင်းရင်းသားများ သို့မဟုတ် မြန်မာတိုင်းရင်းသားမှ မွေးဖွားလာသော လူတော်မြန်မာများ၊ မြန်မာနိုင်ငံအားသံယောဇဉ်ရှိသူများဟု ယူဆပါသည်။ မိမိဘိုးဘွားပိုင်မြေကို ဖဲ့မပေးပါရစေနှင့် ခင်ဗျား။ ဘင်္ဂါလီမွတ်ဆလင်ကို ဘင်္ဂါလီမွတ်ဆလင်ဟု ခေါ်လျှင် လုံလောက်ပါပြီ။ ကျွန်တော်တို့နိုင်ငံ ကလည်း တရားဝင် အဲဒီအမည်ကိုပဲ သုံးပါသည်။ မြန်မာသတင်းစာကိုလည်း ဆရာတို့ ဖတ်ဖြစ်ကြမည် ထင်ပါသည်။ ဆရာတို့ ဖြည့်စွက်လိုက်တော့မှ မြန်မာပြည်တွင် လူမျိုးအသစ်တစ်မျိုး ပေါ်လာမည့်သဘော ဖြစ်နေပါသည်။ ကျွန်တော့ စာတွင် ယင်းအမည်ကို မဖော်ပြပါရစေနဲ့ ခင်ဗျား။ အပ်နှင့်ထွင်းရမည့်ကိစ္စ အပ်နှင့်ထွင်းလိုက်ပါ၊ ပေါက်ဆိန်နဲ့ မပေါက်ပါရစေနဲ့။ နှုတ်ကျိုးသွားနိုင်သည်ကို ကြောက်၍ ဤစာကို ရေးရခြင်းဖြစ်ပါသည်ခင်ဗျား။



၆။        ကျွန်တော်၏ဆိုလိုချက်ကို ဆရာတို့ နားလည်သဘောပေါက်ပြီး ဖြစ်ပါသည်။ ဆရာတို့ကို ကျွန်တော်တို့ မြန်မာပြည်သားတွေက အားကိုးကြပါသည်။ ဒီမိုကရေစီတိုက်ပွဲ တလျှောက်လုံး ဆရာတို့၏ အားပေးသံ၊ အသံလွှင့်ချက်များက ကျွန်တော်တို့ကို များစွာအားတက်စေခဲ့ပြီး ဖြစ်ပါသည်။ ကျေးဇူးလည်း အထူးတင်ပါသည်။ ယခုဆိုလျှင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ကျွန်တော်တို့ မစုနှင့်၊ လွှတ်တော်ဥက္ကဌများ၊ ပြည်သူ့လွှတ်တော်ကိုယ်းစားလှယ်များ ဝိုင်းရံပြီး ပြည်သူအားလုံးမှ ညီညာဖြဖြ ဒီမိုကရေစီကို တက်လှမ်းခါစမှာ ဆရာတို့ရဲ့ “အား” အများကြီးလိုပါသည်။ ဆက်ပြီး ကူညီပေးကြပါ။



၇။        အမှားသည် ကြာလာတော့ အမှန်ဖြစ်လာနိုင်သဖြင့် ဆင်ခြင်နိုင်ရန် ပညာရှိသတိဖြစ်ခဲဟု သဘောထား၍ လက်ခံပေးကြပါရန် အနူးအညွတ် ပန်ကြားမေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား။ ကျွန်တော့်၏စာတွင် ဒေါသသံ နည်းနည်း လွှမ်းကောင်းလွှမ်းနေမည်ဖြစ်သော်လည်း၊ မြန်မာနိုင်ငံအရေး၊ အမျိုးဘာသာသာသနာရေးကိစ္စမို့ သည်းခံပေးကြပါရန် ထပ်လောင်းမေတ္တာရပ်ခံ အပ်ပါသည်ခင်ဗျား -



            အမိမြန်မာပြည်ကြီး အဓွန့်ရှည်ရမည်…



            ဆရာတို့အားလုံး ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ…





လေးစားစွာဖြင့်



ဘသိန်း (အငြိမ်းစားပြည်သူ့ဝန်ထမ်း)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )