ဆွမ်ဆီး အသင်းမှ ထွက်ခွာခွင့် တောင်းခံ ခဲ့သည့်နောက် ဂျိုးအလန် အနေဖြင့် လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် ပိုမို နီးစပ် လာခဲ့သည်။
အသက်(၂၂)နှစ်ရှိ ကွင်းလယ် ကစားသမားသည် လီဗာပူးလ်က ဂိုမဲလ် အသင်းအား (၃-၀)ဖြင့် အနိုင်ရသော ယူရိုပါလိဂ် ပွဲစဉ်တွင် အန်းဖီးလ်သို့ လာရောက် အားပေး ကြည့်ရှုခဲ့သည်။ လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာသည် ပြီးခဲ့သည့် ဘောလုံး ရာသီက ၎င်းဆွမ်ဆီးကို ကိုင်တွယ်စဉ် ခြေစွမ်းပြခဲ့သည့် အလန်အား ပြန်လည် ပူးပေါင်းနိုင်ရန် မျှော်လင့်နေသည်။ လီဗာပူးလ်သည် အလန်အတွက် ပေါင်စတာလင် (၁၅)သန်း ဝန်းကျင် တန်ဖိုးရှိသော ကမ်းလှမ်းမှု တစ်ခု ပြုလုပ် ထားသည့်တိုင် ဝေလ အခြေစိုက် ကလပ် အသင်းက ပယ်ချထားသည်။ ယခုအခါ အလန်ကိုယ်တိုင်က ဆွမ်ဆီးထံမှ ထွက်ခွာခွင့် တောင်းခံလာခြင်း ဖြစ်သည်။

"ကျွန်တော်ကတော့ ဖြစ်နိုင်ရင် လာမယ့် (၂၄)နာရီအတွင်း သဘော တူညီမှု တစ်ခု ရနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အခြေအနေကလည်း အလားအလာ ကောင်းနေတယ်လေ" ဟု ဆိုသည်။ အလန်သည် ဆွမ်ဆီး ဥက္ကဋ္ဌ ဟူးဂျန်ကင်စ်၊ မန်နေဂျာသစ် မိုက်ကယ်လော့ဒရပ်တို့နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ၎င်းအနေဖြင့် အန်းဖီးလ်သို့ သွားရောက်လိုကြောင်း အသိပေးခဲ့သည်။ ရော့ဂျာသည် အသင်း၏ ကစားဟန်ကို ပြောင်းလဲပစ်ရန် စီစဉ်နေရာ ဘောလုံး ဖြန့်ဝေမှု ထူးချွန်သည့် အလန်ကို ကွင်းလယ် ကစားကွက်တွင် ဖြည့်တင်းရန် ဆန္ဒ ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။
အသက်(၂၂)နှစ်ရှိ ကွင်းလယ် ကစားသမားသည် လီဗာပူးလ်က ဂိုမဲလ် အသင်းအား (၃-၀)ဖြင့် အနိုင်ရသော ယူရိုပါလိဂ် ပွဲစဉ်တွင် အန်းဖီးလ်သို့ လာရောက် အားပေး ကြည့်ရှုခဲ့...

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com