မန်ချက်စတာ စီးတီး အသင်းသည် ဆွမ်ဆီး တောင်ပံ တိုက်စစ်သမား စကော့ ဆင်ကလဲယားအား ခေါ်ယူရန် ဈေးနှုန်း တိုးမြှင့် ကမ်းလှမ်းလိုက်ကြောင်း သိရသည်။
အသက်(၂၃)နှစ်ရှိ ကစားသမားသည် ဆွမ်ဆီးတွင် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး အသင်းနှင့် သက်တမ်းတိုးရန် ငြင်းဆိုထားသည်။ အစောပိုင်းက အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းသည် ဆင်ကလဲယား အတွက် ပေါင်စတာလင် (၅.၅)သန်းတန် ကမ်းလှမ်းမှု ပြုလုပ် ခဲ့သော်လည်း ဆွမ်ဆီးက ပယ်ချခဲ့သည်။ ယခုအခါ မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီသည် ဆင်ကလဲယား အတွက် ပေါင်စတာလင် (၈)သန်းထိ ဈေးတိုးပေးကာ ကမ်းလှမ်း လာခဲ့သည်။

မန်စီးတီးမှ စိတ်ဝင်စားနေသည့် ဆင်ကလဲယား
လီဗာပူးလ်နှင့် တော့တင်ဟမ် ဟော့စပါး အသင်းများကလည်း ဆင်ကလဲယားအား စိတ်ဝင်စားနေသည့်တိုင် မန်စီးတီးကသာ အလေးနက်ဆုံး ချိတ်ဆက်နေခြင်း ဖြစ်သည်။ မန်စီးတီးသည် တောင်ပံလူ အဒမ်ဂျွန်ဆင်ကို ရောင်းထုတ်ပြီး ၎င်းနေရာတွင် ဆင်ကလဲယားကို အစားထိုးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းသည်လည်း ဆင်ကလဲယားကို စိတ်ဝင်စားနေကြောင်း သတင်း အချို့ ထွက်ပေါ်နေသည့်တိုင် မန်စီးတီးသည် ကစားသမားကို ရရှိရန် အလားအလာ အကောင်းဆုံး အဖြစ် ဦးဆောင်နေကြောင်း သိရှိရသည်။
မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီသည် ဆင်ကလဲယား အတွက် ပေါင်စတာလင် (၈)သန်းထိ ဈေးတိုးပေးကာ ကမ်းလှမ်းလာခဲ့...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com