လီဗာပူးလ် တိုက်စစ်မှူးသစ် ဖေဘီယို ဘော်ရီနီက အသင်းအတွက် ပွဲဦးထွက်တွင် ဂိုးသွင်း ပေးနိုင်ခြင်း အတွက် ကျေနပ်မိကြောင်း ပြောဆိုသွားသည်။
အီတလီ လက်ရွေးစင် ဘော်ရီနီသည် လီဗာပူးလ်က ဂိုမဲလ်အား (၃-၀)ဖြင့် အနိုင်ရသည့် ယူရိုပါဖလား ပွဲစဉ်တွင် အသင်းအတွက် ပထမဆုံး ပါဝင် ကစားပေးပြီး ဂိုးသွင်းပေးခဲ့သည်။ အသက်(၂၁)နှစ်ရှိ ကစားသမားသည် အန်းဖီးလ် ပရိသတ် ရှေ့မှောက်တွင် အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး စတီဗင်ဂျရတ်နှင့် ဂလင်းဂျွန်ဆင်တို့က နောက်ထပ် တစ်ဂိုးစီ အားဖြည့်ကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ဘော်ရီနီသည် ပေါင်စတာလင် (၁၀)သန်းခွဲတန် အပြောင်းအရွှေ့နှင့် ထိုက်တန်ကြောင်း ယခုပွဲတွင် ပြသကာ အန်းဖီးလ် ပရိသတ်၏ လက်ခုပ်သံကို ခံယူခွင့် ရခဲ့သည်။

ပွဲဦးထွက် ဂိုးသွင်းခဲ့သည့် ဘော်ရီနီ
ဘော်ရီနီက "ကျွန်တော့်ရဲ့ ပွဲဦးထွက် အန်းဖီးလ်မှာ ခုလို ဂိုးသွင်းနိုင်တာ သိပ်အရေးကြီးပါတယ်။ ကိုယ့်အသင်း အားပေးတဲ့ ပရိသတ်တွေ ရှေ့မှောက်မှာ ဦးဆုံးပွဲကို ကောင်းကောင်း ကစားနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ မန်နေဂျာ လိုချင်တဲ့အတိုင်း ကစားပေးနိုင်ခဲ့ပြီး အနိုင်ရခဲ့တာပါ" ဟု ESPNသို့ ပြောကြားခဲ့သည်။ ၎င်းက "မန်နေဂျာဟာ ဘောလုံးဖြန့်ဝေမှုကို အားသန်တဲ့သူပါ။ သူ့အတွေးအခေါ်က အင်္ဂလိပ် ရိုးရာဟန်ကနေ နည်းနည်းတော့ ကွဲထွက်နေတယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူပြသချင်တဲ့ ဘောလုံး အနှစ်သာရ အတိုင်း ကျွန်တော်တို့ ကောင်းကောင်း လိုက်ကစားနိုင်လို့ ပျော်ပါတယ်" ဟုလည်း ပြောဆို သွားခဲ့သည်။
ကျွန်တော့်ရဲ့ ပွဲဦးထွက် အန်းဖီးလ်မှာ ခုလို ဂိုးသွင်းနိုင်တာ သိပ်အရေးကြီးပါတယ်။ ကိုယ့်အသင်း အားပေးတဲ့ ပရိသတ်တွေ ရှေ့မှောက်မှာ ဦးဆုံးပွဲကို ကောင်းကောင်း ကစားနိုင်ခဲ့ပါပြီ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com