ဆီးရီးယားတွင် လေ့လာ စောင့်ကြည့်မှု အစီအစဉ်ကို ရုတ်သိမ်းရန် တရားဝင် ဆုံးဖြတ်ချက် ချခဲ့ကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ထုတ်ပြန်ခဲ့သည်။ ထိုအစီအစဉ် မပြီးဆုံးမီ သုံးရက် အလို ကြာသာပတေး နေ့တွင် အစီအစဉ်ကို ရပ်ဆိုင်းရန် လက်ရှိဥက္ကဌ ကုလသမဂ္ဂ ဆိုင်ရာ ပြင်သစ်သံတမန်Gread Araud က ပြောကြားလိုက်ခြင်း ဖြစ်သည်။
လုံခြုံရေးကောင်စီသည် ဆီးရီးယားမြို့တော် ဒမက်စကပ်တွင် ကုလသမဂ္ဂဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရုံးငယ်တစ်ခုကိုဖွင့်လှစ်ရန် ဆုံးဖြတ်ထားကြောင်း သူကထပ်လောင်းပြောကြားခဲ့သည်။ ကုလ သမဂ္ဂစောင့်ကြည့်ရေးအဖွဲ့ဝင်များသည် ဆီးရီးယားတွင် လုပ်ငန်း ဆောင်တာများ ဧပြီလကစတင်ခဲ့ကြသည်။ သို့ရာတွင် သူတို့၏ စစ်ဆင်ရေးသည် အစိုးရနှင့်ဆန့်ကျင်ဘက်နှစ်ခုအကြား ပြင်းထန် သောတိုက်ပွဲများကြောင့် အင်အားမဲ့ဖြစ်စေခဲ့သည်။
ပဋိပက္ခဖြစ်ရပ် တစ်ခုတွင်လက်နက်မပါသောကုလသမဂ္ဂစောင့်ကြည့်ရေးအဖွဲ့ ဝင်များ သည်နှစ်ဘက်စလုံးမှတိုက်ခိုက်မှုကိုခံခဲ့ရသည်။ကုလသမဂ္ဂ- အာရပ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ အကြံပြုခဲ့သော ငြိမ်းချမ်းရေး အစီအစဉ် ၏တရားဝင်ကိုယ်စားလှယ် ကိုဖီအာနန်မှာလည်း ဆီးရီးယား အရေး ခင်းတွင်အောင်မြင်မှုမရခဲ့ပေ။ ယခုလအကုန်တွင် သူ၏တာဝန်ဝတ္တရား များကိုစွန့်လွှတ်တော့မည်ဖြစ်ကြောင်းကိုဖီအာနန်က ကြေညာထား ခဲ့သည်။
နေလင်းအောင်
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com