စတုတ်ခ်စီးတီး အသင်းနှင့် စာချုပ်လက်မှတ် ရေးထိုးခဲ့ပြီ ဖြစ်သော်လည်း ပရီးမီးယား လိဂ်တွင် ကစားခွင့် ရရန် မရေမရာ အနေအထားမျိုးနှင့် မိုက်ကယ်အိုဝင် တွေ့ကြုံနေရပြီ ဖြစ်သည်။
စည်းမျဉ်းများ အရ အပြောင်းအရွှေ့ ဈေးကွက် ပိတ်သွားသည့်တိုင် ပရီးမီးယားလိဂ် (၂၅)ဦး လူစာရင်းကို မတင်သွင်း ရသေးသည့် အခြေအနေတွင် အသင်းလက်မဲ့ ကစားသမားများကို စာချုပ် ခေါ်ယူခွင့် ရှိနေရာ စတုတ်ခ်သည် အသက်(၃၂)နှစ်အရွယ် အင်္ဂလန် ဝါရင့် ကစားသမားအား ခေါ်ယူနိုင်ခဲ့သည်။ သို့သော်လည်း ပြဿနာ ကြီးကြီးမားမား ရှိသွားသည့် အချက်မှာ မန်နေဂျာ တိုနီပူးလစ်၏ အသင်းသည် အိုဝင်အား စာမချုပ်မီ အချိန်ပိုင်း အတွင်းမှာပင် (၂၅)ဦး စာရင်းကို တရားဝင် တင်သွင်းထားပြီး ဖြစ်နေခြင်းဟု သိရသည်။
ထို့ကြောင့် စည်းမျဉ်းနှင့် ငြိစွန်းပြီး အိုဝင်သည် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် ပါဝင် ကစားရရန် မရေမရာ ဖြစ်လာခဲ့သည်။ သို့သော်လည်း ပရီးမီးယားလိဂ် တာဝန် ရှိသူများက အိုဝင်အတွက် သက်ညှာ စဉ်းစား ပေးပါကမူ ကွင်းလယ်လူ မိုက်ကယ်တွန်ဂီမှာ စတေးခံ အဖြစ် နေရာ ဖယ်ပေးရဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ အစောပိုင်းက အိုဝင်၏ အသင်းဟောင်း လီဗာပူးလ်ကလည်း ကစားသမားကို စိတ်ဝင်စားမှု ပြသ ခဲ့သေးသော်လည်း လက်တွေ့တွင်မူ စတုတ်ခ်ကသာ စာချုပ်ဖြစ်ခဲ့သည်။ အိုဝင်သည် မန်ချက်စတာ ယူနိုက်တက် အသင်းတွင် (၃)နှစ်ကြာ ကစားပြီးနောက် ယခု နွေရာသီတွင် အသင်းနှင့် စာချုပ် ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။
မန်နေဂျာ တိုနီပူးလစ်၏ အသင်းသည် အိုဝင်အား စာမချုပ်မီ အချိန်ပိုင်း အတွင်းမှာပင် (၂၅)ဦး စာရင်းကို တရားဝင် တင်သွင်းထားပြီး ဖြစ်နေ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com