22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 5, 2012

ဘောလုံးနှင့် အတူ ပြန်လည် လေ့ကျင့်နေပြီ ဖြစ်သည့် ဝီလ်ရှိုင်းယား

အာဆင်နယ် ကွင်းလယ် ကစားသမား ဂျက်ဝီလ်ရှိုင်းယားသည် ယခုအခါ ဘောလုံးနှင့် အတူ လေ့ကျင့်မှုများ ပြန်လည် ပြုလုပ်နေပြီ ဖြစ်သည်။

အသက်(၂၀)အရွယ် အင်္ဂလန် လက်ရွေးစင်သည် ပြီးခဲ့သည့် ဘောလုံးရာသီ မစတင်မီကတည်းက ဒဏ်ရာများနှင့် ရုန်းကန် နေရပြီး ခွဲစိတ်မှု (၂)ကြိမ်တိုင် ခံယူခဲ့ရသည့်နောက် အာဆင်နယ် အတွက် (၁၃)လကျော် မကစား ပေးနိုင်ခဲ့ချေ။ ဘေဘီဂျက်ဟု ပရိသတ်များက ချစ်စနိုး ခေါ်ဝေါ်ကြသည့် ဝီလ်ရှိုင်းယားသည် ယခု အခါတွင်မူ ဒူးနှင့် ခြေကျင်းဝတ် ဒဏ်ရာ အမှောင်တိုက်များမှ လွတ်မြောက်လာပြီး ကြံ့ခိုင်မှု အတွက် ပြန်လည် လေ့ကျင့်ခန်း ဆင်းနေပြီ ဖြစ်သည်။ အာဆင်နယ်သည် ဝီလ်ရှိုင်းယား အတွက် သီးခြား လေ့ကျင့်ခန်း အစီအစဉ်များ ပြုလုပ်ပေးပြီး ကြံ့ခိုင်မှု တည်ဆောက်ရန် ကူညီပေးလျှက် ရှိနေသည်။
ဒဏ်ရာမှ ပြန်သက်သာလာသည့် ၀ီလ်ရှိုင်းယား

အာဆင်နယ်သည် နွေရာသီ ဈေးကွက်ထဲတွင် ၎င်းတို့ ချိတ်ဆက်ခဲ့သည့် နျူရီဆာဟင်ကို လက်လွှတ်ခဲ့ရသော်လည်း ဝီလ်ရှိုင်းယား ပြန်ကစားနိုင်ရန် နီးစပ်နေပြီဆိုသော သတင်းအတွက် ကျေနပ်စရာ ဖြစ်လာရသည်။ အာဆင်နယ်သည် အသက်(၂၉)နှစ်ရှိ ညာနောက်ခံလူ ဘာကရီ ဆက်ဂ်ညာ၏ အခြေအနေအတွက်လည်း မျှော်လင့်လျှက် ရှိနေသည်။ ပြင်သစ် လက်ရွေးစင် ကစားသမားသည် ခြေထောက် ကျိုးသွားသဖြင့် (၄)လကြာ အနား ယူခဲ့ပြီးနောက် ယခု လကုန်တွင် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖွယ် ရှိနေကြောင်း သိရသည်။ လက်ရှိတွင် ၎င်း၏ နေရာအတွက် ဖင်လန်လူငယ် ကစားသမားလေး ကားလ်ဂျန်ကင်ဆန်ကို အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက အားကိုးအားထား ပြုလျှက်ရှိသည်။
အာဆင်နယ်သည် နွေရာသီ ဈေးကွက်ထဲတွင် ၎င်းတို့ ချိတ်ဆက်ခဲ့သည့် နျူရီဆာဟင်ကို လက်လွှတ်ခဲ့ရသော်လည်း ဝီလ်ရှိုင်းယား ပြန်ကစားနိုင်ရန် နီးစပ်နေပြီဆိုသော သတင်းအတွက် ကျေနပ်စရာ ဖြစ်လာ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )