လန်ဒန်သို့ ရောက်ရှိနေသော ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာအား ရိုဟင်ဂျာ လိုလားသူ ၂၀၀ ခန့်မှ တနင်္ဂနွေနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသားဖေါ်ပြသည်။

Global Hunger အစည်းအဝေးသို့ တက်ရောက်နေသော ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်။
လန်ဒန် အမှတ် (၁၀) ဒေါင်နင်းလမ်းတွင် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကန်မရွန်းနှင့် တွေ့ဆုံရန် လာရောက်စဉ် ထိုသို့ ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ဝန်ကြီးချုပ်အား ကန့်ကွက် ဆန္ဒပြရခြင်း အကြောင်းမှာ ရခိုင်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားစဉ်ကြောင့် ထွက်ပြေးလာသူများကို ဘင်္ဂလာဒေခ်ျ့ဘက်က ခိုလုံခွင့်ပေးရန် ငြင်းဆို သောကြောင့် ဖြစ်သည်ဟု ဆိုသည်။
ရှိတ်ဟာဆီးနာ ဦးဆောင်သော ဘင်္ဂလာဒေခ်ျ့ အစိုးရသည် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသူများကို လက်ခံလိုက်ပါက မြောက်မြားစွာသောသူများ ထွက်ပြေးခိုလုံလာမည်ကို စိုးရိမ်သောကြောင့် မြန်မာမှ ထွက်ပြေးလာသော မွတ်ဆလင်များကိုဘဲ လက်မခံဘဲ ပြန်လည် နှင်ထုတ်ခဲ့သည်။
သို့အတွက် နိုင်ငံတကာမှ ဘင်္ဂလာဒေခ်ျ့ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရမှ မြန်မာနိုင်ငံမှ မွတ်ဆလင် ရိုဟင်ဂျာ ဆိုသူများ အရေးမှာ ဗမာပြည်နှင့် သက်ဆိုင်အရေး ကိစ္စသာ ဖြစ်ပြီး မိမိတို့အား ဖိအားပေးခြင်းထက် ဗမာပြည် အစိုးရအား ဖိအားပေးခြင်းက ပိုမို အကျိုး ရှိလိမ့်မည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။
အကူအညီပေးလိုသော နိုင်ငံခြား အန်ဂျီအိုများ အနေဖြင့်လည်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံထဲသို့ ၀င်ရောက် ကူညီပေးခြင်းထက် ဗမာပြည်ထဲသို့ သွားရောက်ပြီး အကူအညီ ပေးခြင်းက ပိုမို ထိရောက်လိမ့်မည်ဟု ပြောကြားခဲ့သည်။
၎င်းနောက်ပိုင်းတွင် နယ်စပ်တွင် အလုပ် လုပ်ကိုင်နေသော နိုင်ငံခြား အန်ဂျီအို (၃) ခု ဖြစ်သော MSF Medecins Sans Frontieres အဖွဲ့၊ ACF (Action Against Hunger) နှင့် Muslim Aid (UK) တို့ကို အကူအညီပေးနေမူများအား ရပ်ဆိုင်းရန် ဘင်္ဂလာဒေခ်ျ့ အစိုးရက အမိန့်ထုတ်ခဲ့သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်မူ ထိပ်သီး အစည်း အဝေးသို့ တက်ရောက်ရန် လန်ဒန်သို့ သွားရောက်စဉ် ယခုလို ဆန္ဒပြခံရခြင်း ဖြစ်သည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com