အဝလွန်တာနဲ့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစား အသောက်တွေ စားတာကြောင့် အသည်း အဆီ ဖုံးရောဂါကို ဖြစ် စေနိုင်ပါတယ်။ ဒီအခြေအနေကို တွန်း လှန်နိုင်ပြီး အသည်းထိခိုက်မှု ကင်းစေဖို့ အောက်ပါ အချက်တွေကို လိုက်နာသင့် ပါတယ်။
(၁) ခန္ဓာကိုယ်အဆီကို လျှော့ချပါ
အဝလွန်တာနဲ့ ဝမ်းဗိုက်အဆီများ တာတွေကြောင့် အသည်းအဆီဖုံးတာ ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစား အသောက်ကို ကျန်းမာရေးနဲ့ ညီညွတ် အောင် စားသောက်ရင်း ကိုယ်အလေး ချိန်ထိန်းပေးပါ။ ဒါဆိုရင် အသည်းအဆီ ဖုံးတာကို ကာကွယ်ပေးနိုင်ပါတယ်။ မ ကောင်းတဲ့ အဆီကို နည်းနည်းပဲ စားပြီး ကယ်လိုရီရယူမှုကို လျှော့ချပါ။
(၂) အသည်းအဆီဖုံးခြင်း
လျော့ကျစေရန် လေ့ကျင့်ခန်းလုပ်ပါ အဆီနဲ့ ကယ်လိုရီအပိုတွေ လောင် ကျွမ်းစေဖို့နဲ့ ဗိုက်အဆီလျော့ကျစေဖို့ လေ့ကျင့်ခန်းလုပ်ပေးရင် အသည်းအဆီ ဖုံးမှု မဖြစ်အောင် ကာကွယ်ပေးနိုင်သလို အသည်းအဆီဖုံးတာကို လျော့ကျစေပါ ကျင့်ခန်းလုပ်တာနဲ့ ထိုင်ထလေ့ကျင့်ခန်း လုပ်တာကြောင့် ဝမ်းဗိုက်အဆီကို လျော့ ကျစေပါတယ်။
(၃) စားသောက်မှု အလေ့အထကို ပြောင်းလဲပါ
အဆီများတဲ့ အစားအသောက်တွေ ကို စားရင် အသည်းအဆီဖုံးနိုင်ခြေ များ ပါတယ်။ ဒါကြောင့် သင်စားတဲ့ အစား အသောက်တွေမှာ အဆီများတဲ့ အစား အသောက်တွေ မပါအောင် ရှောင်ပြီး အဆီနည်းတဲ့ အစာတွေကို ရွေးစားပါ။
(၄) အရက်ရှောင်ပါ
အယ်လ်ကိုဟောကို များများ မှီဝဲ တာကြောင့် အသည်းကို ထိခိုက်စေသလို အသည်းအဆီဖုံးတာကို ပိုဆိုးစေပါတယ်။ အယ်လ်ကိုဟော များများပါတဲ့ အစားအ သောက်တွေကို မစားသောက်ဘဲ ရှောင် လိုက်တာက အသည်းအဆီဖုံးတာကို သက်သာစေသလို နောက်ဆက်တွဲအနေ နဲ့ အသည်း ထိခိုက်မှု မဖြစ်အောင် လည်း ကာကွယ်ပေးနိုင်ပါတယ်။
ဇွန်
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com