စပိန်စူပါ ဖလား ပထမ အကျော့ ပွဲစဉ်တွင် ပြိုင်ဘက်ကြီး ရီးယဲလ်မက်ဒရစ်အား အနိုင် ရထားသော်လည်း ဆုဖလား အတွက် အဖြေသည် နှစ်သင်းလုံး အတွက် ပွင့်ပွင့်လင်းလင်း မျှော်လင့်ခွင့် ရှိနေဆဲဟု ဘာစီလိုနာ နည်းပြ တီတို ဗီလာနိုဗာက ဝန်ခံခဲ့သည်။
ဗီလာနိုဗာသည် ဘာစီလိုနာ နည်းပြ အနေဖြင့် ၎င်းတို့၏ ခါးသီးပြိုင်ဘက်ကြီးကို ပထမဆုံးအကြိမ် ရင်ဆိုင်ခွင့် ရခဲ့သည့်နောက် နူးကမ့်မြေတွင် (၃-၂)ဖြင့် အနိုင် ရခဲ့သည်။ နာမည်ကျော် ကလက်ဆီကို အားပြိုင်မှုတွင် အဖွင့်နိုင်ပွဲကို ချိုချိုမြိန်မြိန် ခံစားခွင့် ရခဲ့သည့်တိုင် ဒုတိယ အကျော့ ပွဲစဉ်တွင် နည်းပြ ဟိုဆေးမော်ရင်ဟို ဦးဆောင်နေသော ရီးယဲလ်သည် မိမိတို့ကို ဒုက္ခပေးကာ စပိန်စူပါ ဖလားကို ဆွတ်ခူး သွားနိုင်ကြောင်း ဗီလာနိုဗာက ဆိုသည်။ "ကျွန်တော်တို့ ခုပွဲကို ကောင်းကောင်း ကစားနိုင်ခဲ့တယ် ထင်ပါတယ်။ ပွဲချိန် တော်တော်များများကို ထိန်းချုပ်ထားနိုင်တယ်။ ဒါပေမဲ့ ရီးယဲလ်ကလည်း အခွင့်အလမ်းတွေ ရှိနေတုန်းပါ" ဟု ဗီလန်နိုဗာက ပြောကြားခဲ့သည်။
ဘာစီလိုနာ၏ ဂန္ထဝင်နည်းပြတစ်ဦး ဖြစ်ခဲ့သူ ဂျိုးဆက် ဂွာဒီယိုလာ၏ နေရာကို ဆက်ခံခဲ့သည့် ဗီလာနိုဗာက "ခုပွဲရလဒ်ဟာ အဆုံးအဖြတ် မဖြစ်သေးတာတော့ သေချာပါတယ်။ နောက်ပွဲရဲ့ ရလဒ်ဟာ ဘာမဆို ဖြစ်နိုင်နေသေးတယ်။ အထူးသဖြင့် ရီးယဲလ်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရတယ် ဆိုရင် ဘာကိုမှ ကြိုတွက်ထားလို့ မရနိုင်ပါဘူး။ သူတို့မှာ ပါရမီရှင် ကစားသမားတွေ ရှိတယ်။ သူတို့ဟာ အခွင့်အလမ်း နည်းနည်းလေးပဲ ရရင်တောင် ဂိုးသွင်းနိုင်စွမ်း ရှိသူတွေပါ"ဟုလည်း ဆက်လက် ပြောဆိုသွားခဲ့သည်။ အသက်(၄၂)နှစ်ရှိ နည်းပြက နောက်ဆုံးဂိုးကို ပေါ့လျော့မှုကြောင့် ခွင့်ပြုခဲ့ရသည့် ဂိုးသမား ဗစ်တာ ဗဲလ်ဒက်စ်ကို အပြစ်တင်မည် မဟုတ်ဟု ဆိုသည်။
"ကျွန်တော်တို့ (၄-၁)လောက် ဖြစ်သွားဖို့ အခွင့်အလမ်း ရခဲ့တယ်။ ပြီးတော့ (၃-၂)နဲ့ ပွဲပြီးသွားတယ်။ ဘောလုံးမှာ ဒါမျိုးက ဖြစ်တတ်ပါတယ်။ ဗဲလ်ဒက်စ်ဟာ ဘာစီလိုနာကို နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့သူပါ။ သူဟာ အသင်းအတွက် ရှေ့ဆက်ဖို့ ထိုက်တန်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော် အဓိက ထားတာက အသင်းရဲ့ ကစားဟန်ပါပဲ။ ဘာနေဗျူးမှာလည်း ခုလိုပဲ ကစား သွားနိုင်ဖို့ မျှော်လင့်ပါတယ်" ဟုလည်း ဗီလာနိုဗာက ပြောကြား သွားခဲ့သည်။
ခုပွဲရလဒ်ဟာ အဆုံးအဖြတ် မဖြစ်သေးတာတော့ သေချာပါတယ်။ နောက်ပွဲရဲ့ ရလဒ်ဟာ ဘာမဆို ဖြစ်နိုင်နေသေးတယ်။ အထူးသဖြင့် ရီးယဲလ်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရတယ် ဆိုရင် ဘာကိုမှ ကြိုတွက်ထားလို့ မရနိုင်ပါဘူး...

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com