22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 17, 2012

ရိုဟင်ဂျာအရေး ကုလသမဂ္ဂကိုတင်ပြဖို့ OIC ဆုံးဖြတ်

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ကျင်းပနေတဲ့ အစ္စလာမ် ဘာသာဝင် နိုင်ငံများအဖွဲ့ OIC ညီလာခံက မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးကိစ္စကို ကုလသမဂ္ဂ တင်ပြသွားမယ်လို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
Photo:Wikipedia
Organization of Islamic Cooperation (OIC) အဖွဲ့အကြီးအကဲ မစ္စတာ အစ်ကမက်လဒင်း အီစားနို

အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့ အစ္စလာမ် ဘာသာဝင်နိုင်ငံများအဖွဲ့ OIC က “ မြန်မာအာဏာပိုင်တွေအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်နေမှုနဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်လက် ရှိနေတာတွေကို ရှုံ့ချကြောင်း” ပြောဆိုလိုက်ပါတယ်။
ဒါကြောင့် အိုအိုင်စီညီလာခံကနေ ရိုဟင်ဂျာအရေးကိစ္စကို လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြသွားမယ်လို့ ဆုံးဖြတ်ကြောင်း အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )