ရှိတဲ့ မှော်ဝန်းရပ်ကွက်အနောက်ဘက် နမယန်
ချောင်းဘေးမှာ စက်တင်ဘာလ(၁၈)ရက်နေ့က
KIA အဖွဲ့မှ ထောင်ထားသော
မိုင်းနင်းမိကာ ပေါက်ကွဲခဲ့တဲ့အတွက် တောင်ယာလုပ်ကိုင်ရန်သွားရောက်တဲ့ ဒေသခံ
အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
သေဆုံးသူမှာ မှောဝန်းရပ်ကွက်မှာနေထိုင်တဲ့ အသက်(၅၁)နှစ်အရွယ်ရှိ ကချင်လူမျိုး
ဒေါ်လတ်ဆိုင်း ဆိုသူ ဖြစ်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်ရန် စိုက်ခင်းသို့ သွားရောက်စဉ် နမာယန်ချောင်းဘေး အရောက် မိုင်းနင်းမိကာ ပေါက်ကွဲခဲ့တာဘဲဖြစ်ပါတယ်။
ဒေသခံများမှ ဖားကန့်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သော် လည်း ဆေးရုံ့
မရောက်မီ လမ်းခုလပ်တွင်ပင် သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။
ဒေါ်လတ်ဆိုင်းမှာ ယောကျာ်းဖြစ်သူသေဆုံးသွားခဲ့ပြီး သားသမီး(၄)ယောက်နဲ့အတူ
ဆင်းရဲနွမ်းပါးစွာ တောင် ယာ လုပ်ငန်းလုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်းပြုနေ
ရသူဖြစ်ပါတယ်။
အိမ်ထောင်ဦးစီးတစ်ယောက် အနေနဲ့ သားသမီး(၄)ယောက်ကို ကျွေးမွေးပြုစု
ပျိုးထောင်ပေးနေရတဲ့ မုဆိုးမတစ်ဦးလည်း ဖြစ်ပါတယ်။
သားအကြီး နှစ်ယောက်မှာ မိခင်နှင့်အတူ တောင်ယာလုပ်ငန်းအား ၀ိုင်းဝန်းလုပ်ဆောင်
ကာ ညီမ ငယ် နှစ်ယောက်အတွက် ကျောင်းစရိတ် ရှာဖွေနေကြရပါတယ်။
အငယ်ဆုံးသမီး မဂျာလုံမှာ မှော် ၀န်း ကျောင်းတွင် တတိယတန်း ပညာသင်ကြားနေဆဲ ကျောင်းသူတစ်ယောက် ဖြစ်ပြီး ယခုလို မိသားစု အရေး စီးပွားရေး
အခက်အခဲများကို မားမားမတ်မတ်ရင်ဆိုင်ဖြေရှင်းပေးနေတဲ့ မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့
အတွက် အနာဂတ်ပျောက်လုဆဲဆဲ ဖြစ်ပေါ်နေရပါပြီ။
``သူတို့မှာ မောင်နှမလေးယောက်ရှိတယ်၊ သူ့အဖေကတော့ ဆုံးသွားတာ
(၅)နှစ်လောက် ရှိပြီ ယောကျာ်းလေးနှစ်ယောက်ကတော့ သူ့အမေနဲ့အတူ ကျောင်းဆက်မတက်တော့ဘဲ တောင်ယာ ၀ိုင်း
လုပ် ပေးတယ်။
အငယ်ဆုံးမိန်းခလေးကတော့ ကျောင်းတက်နေတယ်။ သူတို့မိသားစုမှာ မိဘဆိုလို့
သူတို့အမေ ကိုဘဲ အားကိုးနေရတာ။ အခုတော့ ရွှေတောင်ကြီး ပြိုကျနေသလို
ဒုက္ခပင်လယ် ဝေနေရတဲ့ အပြင် မိဘမဲ့စာရင်းထဲတောင် အဲဒီကလေးတွေ ပါနေရပြီ´
´ လို့ ဒေသခံများမှ မချိတင်ကဲ ပြောဆို နေကြ ပါတယ်။
(ကချင်နေ့ စဉ်သတင်း)



7:05 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com