တော့တင်ဟမ် ဟော့စပါး ဂိုးသမားသစ် ဟူဂိုလောရစ်က အသင်းအတွက် တစ်ပွဲမျှ မကစားပေး ရသေးသည့် အခြေအနေတွင် မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်နှင့် ရှင်းရှင်းလင်းလင်း စကား ပြောဆိုရန် လိုအပ်နေပြီဟု ဝန်ခံခဲ့သည်။
ပေါ်တူဂီသား မန်နေဂျာ ဘိုအာ့စ်က အသက်(၂၅)နှစ်ရှိ ပြင်သစ် လက်ရွေးစင်ကို မိမိ အသင်းတွင် ပွဲထွက်နေရာ အတွက် အာမခံချက် မပေးနိုင်ကြောင်း ပြောဆိုထားသည်။ ထို့ကြောင့် ပြင်သစ်၏ ကျောနံပါတ်(၁)ကို ပိုင်ဆိုင်သော လောရစ်က ဘိုအာ့စ်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားရန် ဆန္ဒ ရှိနေခြင်း ဖြစ်သည်။ ဝှိုက်ဟတ်လိန်းသို့ ဈေးကွက် ပိတ်ရက် နောက်ဆုံးနေ့က ပေါင်စတာလင် (၈)သန်းဖြင့် ရောက်ရှိလာသော လောရစ်သည် စပါးတွင် အမေရိကန် ဂိုးသမား ဘရက်ဖရီဒယ်လ်၏ အရန် သဘောမျိုး ဖြစ်လာမည်ဆိုသည့် ဘိုအာ့စ်၏ စကားများကို စိတ်ပျက်နေခြင်း ဖြစ်သည်။
ပြင်သစ်က ဖင်လန်ကို (၁-၀)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် လက်စွမ်းပြခဲ့သော လောရစ်က ဘိုအာ့စ်၏ သဘောထားအပေါ် ၎င်း၏အမြင်ကို ရှင်းပြခဲ့ရာ "ခုလို အခြေအနေမျိုးကို ဘယ်သူမှ ကောင်းပါတယ်လို့ ပြောမယ် မထင်ဘူး။ ဘာပဲဖြစ်ဖြစ် အသင်းကို ဗုဒ္ဓဟူးနေ့ ပြန်ရောက်ရင်တော့ ဘာတွေ ဖြစ်နေမလဲဆိုတာ ကြည့်ရပါမယ်။ လောလောဆယ် ကျွန်တော်ဟာ လက်ရွေးစင် အသင်း အတွက်ပဲ အာရုံစူးစိုက် ထားမှာပါ။ ကလပ်ကို ပြန်ရောက်ရင်တော့ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး အခြေအနေနဲ့ ပတ်သက်ပြီး မန်နေဂျာနဲ့ ဆွေးနွေးဖို့ ကြိုးစားမှာပါ" ဟု ပြောကြားသွားသည်။
ခုလို အခြေအနေမျိုးကို ဘယ်သူမှ ကောင်းပါတယ်လို့ ပြောမယ် မထင်ဘူး။ ဘာပဲဖြစ်ဖြစ် အသင်းကို ဗုဒ္ဓဟူးနေ့ ပြန်ရောက်ရင်တော့ ဘာတွေ ဖြစ်နေမလဲဆိုတာ ကြည့်ရပါမယဲ့...
ဘိုအာ့စ်သည် စနေနေ့တွင် ရက်ဒင်းနှင့် ကစားမည့် ပွဲစဉ်၌လည်း ဖရီဒယ်လ်ကိုပင် ဆက်လက် အသုံးပြုဖွယ် ရှိနေသည်။ အမေရိကန် ဝါရင့်ကြီးသည် နောဝှစ်ခ်ျနှင့် (၁)ဂိုးစီ သရေကျသော ပွဲစဉ်တွင် အသင်းအတွက် အံ့ဩလောက်ဖွယ် လက်စွမ်းပြသွားခဲ့သည်။
Ref: The Sun
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com