မန်ချက်စတာ ယူနိုက်တက် အသင်း အနေဖြင့် ယခုထက် ပိုမို တိုးတက်ရန် လိုအပ်နေကြောင်း ကွင်းလယ် ကစားသမား အန်ဒါဆန်က ဝန်ခံ ပြောကြားလိုက်သည်။
မန်ယူ အသင်းသည် ယခုနှစ် ဘောလုံးရာသီ အစပိုင်းတွင် ပရီးမီးယားလိဂ် (၃)ပွဲ ကစားကာ ပွဲတိုင်း ဦးဆောင်ဂိုး ပေးခဲ့ရပြီး နောက်မှ လိုက်ကစား ခဲ့ရသည်။ ရလဒ် အနေဖြင့်မူ အဲဗာတန်ကို အရေးနိမ့်ပြီး ဖူလ်ဟမ်နှင့် ဆောက်သမ်တန် အသင်းများကို အနိုင် ရထားသည်။ ဘရာဇီးလ် ကစားသမား အန်ဒါဆန်က မန်ယူ အနေဖြင့် ဆုဖလားများကို စိန်ခေါ်ရန်အတွက် ယခုထက် ပိုမိုတည်ငြိမ် ကောင်းမွန်သော ခြေစွမ်းကို လိုအပ်နေကြောင်း သုံးသပ်ခဲ့သည်။ "ကျွန်တော်တို့ ပိုကောင်း ရမယ်ဗျ။ မန်ယူဟာ ဆုဖလားတိုင်းကို အနိုင်ရဖို့ ယှဉ်ပြိုင်ရမှာပါ။ မဖြစ်ခဲ့ရင်တော့ စိတ်ပျက်စရာ ကြုံလာရပါမယ်။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ အမှတ်ပေး ချန်ပီယံဘွဲ့ကို ဂိုးကွာခြားချက်နဲ့ လက်လွှတ် ခဲ့ရပါတယ်။ ဒါက လူတိုင်းကို ဝမ်းနည်းစေတယ်။ ခုချိန်မှာတော့ ဒါကိုမေ့ပြီး ရာသီသစ်အတွက် အာရုံစိုက်ဖို့ လိုနေပါပြီ" ဟု အန်ဒါဆန်က ဆိုသည်။
၎င်းက အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ရော်ဘင်ဗန်ပါစီ အပါအဝင် အသင်းသို့ အသစ်ရောက်လာသော ကစားသမားများ အတွက် ကျေနပ် အားရကြောင်းလည်း ပြောဆိုခဲ့သည်။ "အသင်းရဲ့ လက်ရှိ စုဖွဲ့မှုက ကောင်းပါတယ်။ ရာသီ အစပိုင်းမှာတော့ အခက်အခဲတွေ အမြဲလိုလို ရှိတတ်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ (၂)ပွဲနိုင် ထားပြီးပါပြီ။ ခုချိန်မှာ နောက်ထပ် နိုင်ပွဲတွေအတွက် ကျွန်တော်တို့ ငံ့လင့်နေမိတယ်။ ဗန်ပါစီရော၊ ရှင်ဂျီကာဂါဝါပါ အရမ်းစွမ်းရည် ပြည့်ဝသူတွေပါ။ သူတို့ဟာ ကျန်တဲ့ အသင်းဖော်တွေကို ကစားရတာ ပိုပြီး သက်တောင့်သက်သာ ရှိစေတဲ့ ပါရမီမျိုး ပိုင်ဆိုင် ထားပါတယ်။ ဒီလို လူတော်တွေ ရှိနေတဲ့ အတွက် တစ်သင်းလုံး ပုံမှန် နေရာအတွက် ပိုကြိုးစား ရုန်းကန် လာရတာ အမှန်ပါပဲ" ဟု အန်ဒါဆန်က မှတ်ချက်ပြု သွားခဲ့သည်။
ကျွန်တော်တို့ ပိုကောင်း ရမယ်ဗျ။ မန်ယူဟာ ဆုဖလားတိုင်းကို အနိုင်ရဖို့ ယှဉ်ပြိုင်ရမှာပါ။ မဖြစ်ခဲ့ရင်တော့ စိတ်ပျက်စရာ ကြုံလာရပါမယ်...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com